Sustainability Initiatives (FY 18/19)

ရေရှည်တည်တံ့ရေးလှုပ်ရှားမှုများ - ပြည်သူ

FMI ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ကုမ္ပဏီ၏ ဝန်ထမ်းများ၊ လူမှုဝန်းကျင်နှင့် အဖွဲ့အစည်းတစ်ခုလုံး၏ ဘဝအရည်အသွေး တိုးတက်လာအောင် ပြုလုပ်လျက်ရှိပါသည်။ ရေရှည်တည်တံ့သော ရင်းနှီးမြှပ်နှံမှုများဖြင့် သဘာဝပတ်ဝန်ကျင်နှင့် ဒေသခံပြည်သူများ၏ဘဝအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုများရှိစေရန်မှာ FMI ၏ အနှစ်သာရဖြစ်သည်။ ထို့ကြောင့် FMI အနေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကျိုအမြတ်တစ်ခုတည်းကိုသာမက လူမှုအသိုင်းအဝန်းကိုပါ အကျိုးပြုစေရန် လုပ်ဆောင်သည်။

ဝန်ထမ်းများ၏ ကျေနပ်နှစ်သက်မှုအတွက် ကုမ္ပဏီအုပ်စု၏ မျှော်မှန်းချက်မှာ ဝန် ထမ်းများအတွက် မျှတမှု၊ မတူကွဲပြား မှု၊ အခွင့်အာဏာပေးအပ်မှုနှင့် အသိအမှတ် ပြုမှု အစရှိသည်တို့အပေါ်အခြေခံသည့် လုပ်ငန်းခွင်ယဉ်ကျေး မှုတစ်ခု ဖြစ်လာ အောင် ကြိုးပမ်းမှုတွင် ရင်းနှီးမြှုပ်နံှပေးရန်ဖြစ်သည်။ စုပေါင်းလုပ်ကိုင်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဝန်ထမ်းများအား အခွင့်အာဏာ ပေးအပ်ခြင်းသည် ကုမ္ပဏီအုပ်စုကို ပိုမိုတောင့်တင်းခိုင်မာစေသည်ဟု ယုံကြည်ပါ သည်။ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် စီးပွားရေးအခွင့်အလမ်းများကို ကောင်း မွန်စွာအသုံးချနိုင်ရန် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများကပြုလုပ်ပေးနိုင် သည်ဖြစ်ရာ ထိုကဲ့သ့ိုဝန်ထမ်းများကို ပျိုးထောင်ပေးနိုင်ရန်၊ ဝန်ထမ်းများ၏အ ရည်အသွေးကို မြှင့်တင်ခြင်း၊ မတူကွဲပြားပြီး အားလုံးပါဝင်သော တန်းတူညီလုပ် ငန်းခွင်တစ်ခု ဖန်တီးပေးရန်နှင့် လုပ်ငန်းစု၏ အဓိကတန်ဖိုးထားမှုများကို ဝန်ထမ်း များအားလုံး သိရှိနားလည်စေရန် အားထုတ်ကြိုးပမ်းခဲ့ပါသည်။

၎င်းကြိုးစားအားထုတ်မှုများမှတဆင့် ရိုးမဘဏ်သည် ၂၀၁၈ ခုနှစ်တွင်လည်း အကောင်းဆုံး CEO ဆု၊ အကောင်းဆုံး HR ဒါရိုက်တာဆု၊ အကောင်းဆုံး လုပ်ငန်းခွင်ဆု၊ လူ့စွမ်းအားအရင်းအမြစ် နည်း ပညာသုံးစွဲရာတွင် တီထွင်ဖန်တီး မှုအကောင်းဆုံးဆု၊ အရည်အသွေးရှိ ဝန်ထမ်းများအား စုဆောင်းနိုင်သည့် အကောင်းဆုံးနည်းဗျူဟာဆုနှင့် အကောင်းဆုံးသင်ကြားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆုတို့ကို ရရှိခဲ့သည်။

ကုမ္ပဏီအုပ်စု၏ လ့ူစွမ်းအားအရင်းအမြစ်ဌာနအနေဖြင့်လည်း ဝန်ထမ်းဖွဲ့စည်းပုံ နှင့် ဝန်ထမ်းစု၏အခြေအနေများကို စီးပွားရေးအခွင့်အလမ်း၊ စိန်ခေါ်မှုများဖြင့် ကိုက်ညီမှုရှိစေရန် ညှိနှိုင်းပြင်ဆင်မှုများ အစဉ်ပြုလုပ်လျက်ရှိပါသည်။

ကုမ္ပဏီအုပ်စုသည် ဝန်ထမ်းများအကြား စွမ်းဆောင်ရည်ကွာခြားမှု လျော့နည်းစေရန်နှင့် လုပ်ကိုင်ရည် တိုးတက်လာစေရန် လေ့ကျင့်သင်တန်းပေးရေး အစီအစဉ်များကို  အစဉ်ပြုလုပ်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ထွန်းသစ်စ စီးပွါးရေး  ဖြစ်သောကြောင့် ပြည်တွင်းလုပ်သားအင်အားစုများတွင် လုပ်ကိုင်ရည်နှင့် အတတ်ပညာ ကွာဟမှုများကို ကြုံတွေ့နေရသည်။ ထို့ကြောင့် ကုမ္ပဏီအုပ်စု သည် မိမိတို့ ဝန်ထမ်းများ၏ လုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်ပေးခြင်းဖြင့် အဆိုပါ ကွာဟမှုကို အတတ်နိုင်ဆုံး လျော့ချနိုင် ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

 

လေ့ကျင့်သင်တန်းပေးရေး အစီအစဉ်များသည် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် အောင်မြင်မှုရရှိစေရန် လိုအပ်သည့်  လုပ်ငန်းဆိုင်ရာနှင့် ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်များ ရရှိနိုင်ရေး အခွင့်အလမ်းရရှိစေပါသည်။  ခေါင်းဆောင်များ အတွက်လည်း ၎င်းတို့၏ ဌာနများကို ထိရောက်စွာ ဦးဆောင်နိုင်ရန်အတွက် လိုအပ်သည့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်ကောင်း အရည်အသွေးများကို ရရှိစေပါသည်။ ထို့အပြင်  ကုမ္ပဏီတွင်းနှင့် ကုမ္ပဏီပြင်ပလေ့ကျင့်သင်တန်းပေးမှုများ အပြင် ရွေးချယ်ထားသော ဝန်ထမ်းများ အား ၏ ခေါင်းဆောင်မှု အရည်အသွေးများ တိုးတက်လာစေရန် Global Institute for Tomorrow (GIFT) ကဲ့သို့သော အဖွဲ့အစည်းများနှင့်လည်း ပူးတွဲဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီအုပ်စု၏ ဝန်ထမ်းများအားလုံးသည် ယင်းတို့၏ စွမ်းဆောင်မှု၊ ဝန်ထမ်းဘဝအပေါ် အာရုံစိုက်မှု နှင့် လေ့ကျင့်သင်တန်ပေးရန် လိုအပ်မှု စသည်တို့ အတွက် စွမ်းဆောင်ရည်နှင့် တိုးတက်မှုတို့အပေါ် အကဲဖြတ်မှုများ ကို လက်ခံရရှိမည် ဖြစ်ပါသည်။ အဆင့်မြင့် ပညာရေးအခွင့်အလမ်းများကို ရရှိလိုသည့် ဝန်ထမ်းများ အတွက် ပညာရေးထောက်ပံ့မှု အစီအစဉ်များနှင့် လစာပေး စာမေးပွဲခွင့်များ ရယူနိုင်ရန် စီစဉ်ထားပေးပါသည်။

ကုမ္ပဏီအုပ်စုသည် Townhall ကဲ့သို့သော ပုံမှန်ကျင်းပလေ့ရှိသည့် တွေ့ဆုံပွဲအစည်းအဝေးများနှင့်  ဒစ်ဂျစ်တယ်နည်းပညာသုံး ဆက်သွယ်ရေး နည်းလမ်းများ (ဥပမာ – Workplace) တို့ကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းများသည် ဥက္ကဋ္ဌအပါအဝင် အခြား  ထိပ်တန်းအမှုဆောင်အရာရှိများနှင့် ပြောဆိုဆက်ဆံနိုင်သည့် အခွင့်အရေးများ ရှိသည်။  ထို့သို့ပြုလုပ်ခြင်းဖြင့် ဝန်ထမ်းများအားလုံးသည် ကုမ္ပဏီရည်မှန်းချက်များ၊ စီးပွားရေး မျှော်မှန်းချက်များ နှင့် အခြား သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်သည့်အတွက် ထိရောက်မှုရှိသော ဆက်သွယ်ရေး စနစ်ကို ဖြစ်ပေါ်စေသည်။

ထို့ပြင် ကုမ္ပဏီအုပ်စု၏ ရည်မှန်းချက်များ၊ တန်ဖိုးထားမှုများနှင့် မဟာဗျူဟာတို့ကို အကြီးတန်း အမှုဆောင်အရာရှိများ အားလုံးမှ သိရှိနားလည်ကာ ညီညွတ်မှုရှိစေရန် ဗုဒ္ဓဟူးနေ့ကလပ် Wednesday Club ဟုခေါ်သည့် အစည်းအဝေး ကိုလည်း ပုံမှန်ပြုလုပ်ပေးလျက်ရှိသည်။ ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးစေရန် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲကဲ့သို့သော ပွဲများနှင့် လုပ်ငန်းပြင်ပ ဝန်ထမ်းမိသားစု တွေ့ဆုံပွဲများကိုလည်း ကျင်းပပြုလုပ်  ပေးလျက်ရှိသည်။

ကုမ္ပဏီ၏ မဟာဗျုဟာရည်မှန်းချက်များ အောင်မြင်စေရန်အတွက် စဉ်ဆက်မပြတ်မှု ရေရှည်တည်တံ့ခိုင်မြဲရန် နှင့် ကောင်းမွန်သော ခေါင်းဆောင်မှုရှိရန်လိုအပ်ပြီး   လုပ်ငန်းတာဝန်ဆက်ခံရေး အစီအစဉ်ရှိရန်သည် အထူးအရေးကြီးပါကြောင်း ကုမ္ပဏီအုပ်စုမှ လက်ခံယုံကြည်ပါသည်။ ထို့ကြောင့် လုပ်ငန်း စွမ်းဆောင်ရည် အင်အား ပြည့်ဝစေရန်နှင့် ခေါင်းဆောင်မှု စဉ်ဆက်မပြတ်ရေး အစီအစဉ်အရ  စွမ်းဆောင်ရည်ရှိသူများကို လုပ်ငန်းခွင်၌သာမက လုပ်ငန်းခွင်ပြင်ပ၌ပါ အစဉ်ဖေါ်ထုတ်ရှာဖွေလျက်ရှိပါသည်။ ကုမ္ပဏီအုပ်စုတွင်လည်း ဒါရိုက်တာ အဖွဲ့ဝင်များ၊ အကြီးတန်း အရာရှိများနှင့် မန်နေဂျာများသည် လုပ်သက် ၅ နှစ်အကြာတွင် ၎င်းတို့နေရာများ၌ ဆက်ခံမည့်သူများကို သတ်မှတ်ရွေးချယ်  လေ့ကျင့်ပေးရန် “Work yourself out of a job” နှင့်   “Leading in the Yoma Way” ဟူသော အစီအစဉ်များကို ထည့်သွင်းလုပ်ဆောင်လျက်ရှိသည်။

ကုမ္ပဏီအုပ်စုသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ထူးချွန်ထက်မြက်ခြင်း များရှိပြီး အဖွဲ့အစည်းတစ်ခုအနေဖြင့် စုပေါင်း ကျွမ်းကျင်မှု နှင့်အသိအမြင်များကို တိုးတက်စေနိုင်သည့် အောင်မြင်မှုအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ကွဲပြားခြားနားပြီး အားလုံးပူးပေါင်းပါဝင်နိုင်သော လုပ်သားအင်အားစုကြီး ပေါ်ပေါက်လာအောင် ကြိုးပမ်း လျက်ရှိပါသည်။ ကုမ္ပဏီအုပ်စု သည် Business Coalition for Gender Equality (BCGE) ၏ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ကျားမတန်းတူညီမျှရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု Economic Dividends For Gender Equality (EDGE) လက်မှတ်ကိုလည်း၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရရှိခဲ့ပါသည်။ EDGE လက်မှတ်သည်  ကုမ္ပဏီတွင် ကျားမတန်းတူညီမျှမှုအတွက် ထိရောက်သော မူဝါဒများ၊ အလေ့အထများ ရှိမရှိကို ပွင့်လင်းမြင်သာမှုရှိပြီး ဘက်လိုက်မှုကင်းသည့် လေ့လာသုံးသပ်မှုကို  အခြေခံ၍ ပေးအပ်ခြင်း ဖြစ်ပါ သည်။

ကုမ္ပဏီ၏ဝန်ထမ်းအင်အား ၇၅% က ပါဝင် ဖြေဆိုခဲ့ကြသည့်  EDGE စစ်တမ်းအရ ကုမ္ပဏီအုပ်စု၏ ၆၂% သော လုပ်သားအင်အားသည် စွမ်းဆောင်ရည် ပြည့်ဝသည့် အမျိုးသမီးဝန်ထမ်းများ ပါဝင်သည်ကို တွေ့ရပါသည်။  ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှပ်နှံမှု ဘဏ်များ၊ ဘဏ္ဍာရေး ကုမ္ပဏီများ နှင့် နှိုင်းယှဉ်လျှင် FMI သည် စီမံခန့်ခွဲမှု ရာထူးများ၊ အကြီးတန်းနှင့် အငယ်တန်း စီမံခန့်ခွဲသူ များ ကြားတွင် ကျားမအရေအတွက် ပိုမိုမျှတစွာဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပါသည်။

EDGE စစ်တမ်း ကောက်ယူပြီးနောက် ကျားမအားလုံး ပါဝင် နိုင်သော ဆက်ခံသူ ရှာဖွေသည့် အစီအစဉ်များကို ဖန်တီးနိုင်ရန်အတွက် မတူကွဲပြားမှုနှင့် အားလုံးပါဝင်ရေး ကော်မတီ (Diversity and Inclusion Committee) ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီသည် ခေါင်းဆောင်များ ကို ပြုစုပျိုးထောင်ခြင်း၊ မသိစိတ်မှ ဘက်လိုက်မှု၊ မူဝါဒနှင့်  လေ့ကျင့်သင်တန်းပေးမှုတို့ အပိုင်းတွင်  အာရုံစူးစိုက် လုပ်ဆောင်ပါသည်။ (အောက်တွင် ပုံဖြင့် ဖော်ပြထားပါသည်) ကုမ္ပဏီအုပ်စု၏ လုပ်သား အင်အားစုကို လိုအပ်သည့် အတက်ပညာများအတွက် ရွေးချယ်ခန့်အပ်ထားသော နိုင်ငံခြားသားဝန်ထမ်းများ၊ နိုင်ငံတကာမှ ပညာရေး (သို့) လုပ်ငန်းအတွေ့အကြုံများရယူပြီး ပြန်လည်ရောက်ရှိလာသော  မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းရှိ မြန်မာနိုင်ငံသားများ ဖြင့် ဖွဲ့စည်းထားပါသည်။

ထိုကဲ့သို့ ကွဲပြားခြားနားမှုများရှိသော်လည်း ကုမ္ပဏီအုပ်စုသည် ဝန်ထမ်းများ၏ ထိုဝန်ထမ်းများ၏ ဘာသာစကား၊ နိုင်ငံသား၊ ယဉ်ကျေးမှု နှင့် လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍများ မတူညီကွဲပြားမှုကို ဂရုမပြုကြဘဲ အားလုံးပါဝင်သည်ဟု ခံယူလာအောင် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ အောင်မြင်မှုကို အခြေခံသည့် စနစ်ဖြစ်၍  ဝန်ထမ်းများသည် နောက်ခံများမတူညီသော်လည်း တန်းတူအခွင့်အလမ်းများ ရရှိနိုင်ကြ ပါသည်။ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းများသည်   အချင်းချင်း အပြန် အလှန် လေးစားမှုနှင့်  သီးခံမှုများ ရှိကြပါသည်။

Step-In Step-Up အစီအစဉ်ကို လှိုင်သာယာမြို့နယ်၊ ဒိုင်စု နှင့် ညောင်ရွာများမှ  ဘေးဖယ်ထားခြင်းခံရသော လူငယ်များနှင့် တရားမဝင်လူကုန်ကူးခြင်းခံရသူများကို အလှည့်ကျ သင်တန်းပေးခြင်းနှင့် အလုပ်အကိုင်ပေးနိုင်ရန် Jackie Appel မှ  စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အစီအစဉ်တွင် ပါဝင်တက်ရောက်လိုသူသည် အသက် (၁၈) နှစ်ပြည့်ကြောင်း မှတ်ပုံတင်၊ ရဲစခန်းထောက်ခံစာ နှင့် မြန်မာစာ၊ အင်္ဂလိပ်စာကို ရေးတတ် ဖတ်တတ်သူ ဖြစ်ရမည်။ အဆိုပါ အလုပ်သင်များကို အင်္ဂလိပ်စာ၊ အခြေခံကွန်ပြူတာကျွမ်းကျင်မှု၊ အပြောအဆို အပြုအမူသိမ်မွေ့မှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှုများအပြင် ဟိုတယ်ဝန်ဆောင်မှု၊ အစားအသောက်နှင့်အဖျော်ယမကာ ဝန်ဆောင်မှု၊  မြေယာရှုခင်း ထိန်းသိမ်းမှု နှင့် ဆေးရုံသန့်ရှင်းရေး စသည့် လုပ်ငန်းဆိုင်ရာ အတက်ပညာများကို သင်ကြားပေးသည့် လုပ်ငန်းခွင်သင်တန်းများဖြင့် ရက်သတ္တ (၁၂) ပတ်ကြာ သင်ကြားပေးလျက်ရှိပါသည်။ Awei Pila ဟိုတယ်၊ Awei Metta ဟိုတယ်၊ Pun Hlaing အစားအသောက်လုပ်ငန်း၊ KFC Myanmar ၊ ပန်းလှိုင်စီလုံဆေးရုံ၊ MBCA နှင့် အခြားကုမ္ပဏီများတွင် ထိုအလုပ်သင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဤအစီအစဉ်က အထောက်အကူပေးလျက် ရှိပါသည်။

အဆိုပါ အစီအစဉ်သည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက်ရမည် ဟူသော ကုမ္ပဏီအုပ်စု၏ ရည်မှန်းချက်နှင့်အညီ အဆိုပါအစီအစဉ်အတွက် ဘဏ္ဍာရေးထောက်ပံံ့ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အခါအားလျော်စွာ လုပ်ဆောင်ပေးနေပြီး လူငယ်များကို  အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်း၊ လျှက်ရှိပါသည်။ ထို့အတွက် လူကုန်ကူး ခြင်း ကိစ္စရပ်များကိုလည်း ဟန့်တားရာရောက်စေမည် ဖြစ်ပါသည်။

ထိုအစီအစဉ်သည် လူငယ်များအတွက် အလုပ်အကိုင်နှင့် မျှော်လင့်ချက် လမ်းစသစ်များကို ပေးစွမ်းပြီး မိမိခြေပေါ်မိမိ ရပ်တည်နိုင်အောင်  အထောက်အကူ  ပြုနိုင်မည်ဟု FMI မှ မျှော်လင့်ထားပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် UK aid, USAID နှင့် Australia Aid စသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်နေသည့်  Livelihood and Food Security Trust Fund (“LIFT”) နှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍကို အားပေးပူပေါင်းဆောင်ရွက်ခြင်းဖြင့် လယ်ယာထုတ်ကုန် တိုးတက်မှုရှိစေရန် ရည်ရွယ်ပြီး  သဘောတူညီချက်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုအစီအစဉ်တွင်  ရည်မှန်းချက် (၃)ခု ရှိပါသည်။ ၁။ လယ်ယာကဏ္ဍတွင် စက်ပစ္စည်းများ ပိုမိုသုံးစွဲလာစေရေး ၂။ ကျေးလက်ဒေသတွင် ငွေစုဆောင်းမှု များပြားလာစေရေး နှင့် ၃။ ချေးငွေများ ရယူနိုင်ခြင်းဖြင့် လယ်ယာ ထုတ်ကုန်များ တိုးတက်လာစေရေးတို့ ဖြစ်ပါသည်။

ဤအစီအစဉ်သည် မြန်မာနိုင်ငံ၏ ကျေးလက်နေမိသားစုပေါင်း (၁၈၁,ဝဝဝ) ခန့်ကို ကူညီပေးနိုင်ရန် ခန့်မှန်း ထားပြီး လက်ခံရရှိသူ ပြည်သူများထံသို့ အလှူရှင်၏ ငွေကြေးများအား တိုက်ရိုက်ပေးလိုက်ခြင်းထက် LIFT ရန်ပုံငွေအနေဖြင့် ရိုးမဘဏ်၏ ရှိရင်းစွဲ ငွေချေးကွန်ရက်များကို အသုံးပြုခဲ့သောကြောင့် ပိုမိုထိရောက်မှု ရှိခဲ့ပါသည်။ မြန်မာနိုင်ငံဘဏ်လောက အနေအထားတွင် စိုက်ပျိုးရေးကဏ္ဍချေးငွေကို စီးပွားရေးအရ တွက်ချေ ကိုက်နိုင်မှုမရှိခြင်း၊ ချေးငွေဆိုင်ရာဘဏ်လုပ်ငန်း အတွေ့အကြုံနည်းခြင်း စသည့် အခြေအနေများရှိသော်လည်း ရိုးမဘဏ်အနေဖြင့် LIFT မှတဆင့် အလှူရှင်များကပေးထားသော ချေးငွေဆုံးရှုံးနိုင်မှု ရန်ပုံငွေများကြောင့် ကျေးလက်ဒေသများရှိ အသေးစားအလတ်စား လုပ်ငန်းရှင်များအား ငွေချေးငှားနိုင်ခဲ့ပါသည်။

ပန်းလှိုင်စီလုံဆေးရုံသည် လူမှုစီးပွားရေးအခြေအနေ အမျိုးမျိုးအောက်တွင်ရှိသော လူတန်းစားအသီးသီးကို စီးပွားရေးပုံစံ နှစ်မျိုးဖြင့် ဝန်ဆောင်မှုပေးပါသည်။ ဆေးရုံရှိ အတွင်းလူနာဆောင် အများစုသည် အရည် အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးသည့် သီးသန့်အခန်းများဖြစ်ပြီး သင့်လျော်သော ဈေးနှုန်းထားများ ထားရှိပါသည်။ ထို့ပြင် ခုတင် (၆)လုံးပါ ငွေရောင်လူနာဆောင်လည်း ထားရှိပါသည်။ ဈေးနှုန်းအထူး သက်သောသော ငွေရောင်လူနာဆောင်သည် သီးသန့်ဝန်ဆောင်မှုကို လက်လှမ်းမမှီနိုင်သော လူနာများအတွက် စီစဉ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု စံနှုန်းထားမှာ သီးသန့်ဝန်ဆောင်မှုနှင့် တူညီအောင် ထားရှိပါသည်။ ဆေးကုသမှုများကို တူညီသောဆရာဝန်များကပင် ဆောင်ရွက်ပြီး တူညီသောခွဲစိတ်ခန်းများကိုလည်း အသုံးပြု နိုင်ပါသည်။ ထိုလူနာဆောင်ရှိ  လူနာများကို ခုတင်တစ်လုံး၊ စားစရာများအပြင် ဆေးရုံတက်နေစဉ်အတွင်း အခြားလိုအပ်သည်များဖြင့်လည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (YYIM) သည် ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး  ကျန်းမာသန်စွမ်းသော လူနေမှုဘဝကိုအားပေးရန်နှင့် အပြေးဝါသနာပါသော နိုင်ငံတကာနှင့်ပြည်တွင်းမှ ပြည်သူများကို ချိတ်ဆက်ပေးရန် ရည်ရွယ်ပါ သည်။ (၆) ကြိမ်မြောက် မာရသွန်ပြေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့သည့် လူပေါင်း (၈,ဝဝဝ) ထက် ၁၂% ပိုများကာ အပြေးသမားပေါင်း (၉,ဝဝဝ) ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ မာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များထံမှ ရရှိသည့်ရန်ပုံငွေများကို ဆင်းရဲ နွမ်းပါးသော ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် အားစိုက်လုပ်ကိုင်နေသည့် ပရဟိတအဖွဲ့အစည်း (၅) ခုသို့ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းမှုသည် ကလေးသူငယ်ပေါင်း (၃,၀၀ဝ) ကျော်ကို အကျိုးပြုခဲ့ပါသည်။ ရိုးမမာရသွန်နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဝဘ်ဆိုဒ်တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။ https://yomayangonmarathon.com

ကျေးရွာမီးလင်းရေး ဗဟိုဌာန (Community Light Centre – CLC) တစ်ခုသည် ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်အဝန်းရှိသောနေရာကို ဆိုလာမီးတိုင် (၄) ခုဖြင့် အလင်းရောင်ပေးခြင်းဖြစ်ပါသည်။ အဆိုပါဆိုလာ မီးတိုင်များသည် နေ့အချိန်တွင်သာမကာ မိုးရွာသွန်းချိန်များ၌လည်း လျှပ်စစ်ဓာတ်အားသွင်းယူနိုင်စွမ်းရှိပြီး ညအချိန်တွင် အလိုအလျှောက်မီးလင်းကာ ကျေးရွာများအား အလင်းရောင်ပေးခြင်းကို ဆောင်ရွက်ပေးပါသည်။ အဆိုပါ လျပ်စစ်မီးရရှိသော ဧရိယာများတွင် ကျေးရွာအတွင်း ရပ်ရေးရွာရေးကိစ္စရပ်များအား စုဝေး၍ ဆွေးနွေးနိုင်ရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် နေရာတစ်ခု လည်းဖြစ်ပါသည်။

CLC များ၏ အထူးအရေးပါသောအချက်မှာ ပညာရေးအပေါ် အကျိုးသက်ရောက်မှု ရှိခြင်းပင်ဖြစ်သည်။ ကျေးလက်ဒေသများစွာတွင် ကလေးသူငယ်များသည် အိမ်စာလုပ်ရန်နှင့် စာပေလေ့လာရန် ဖယောင်းတိုင်မီးကို အသုံးပြု ကြရပါသည်။ အချို့သော ကလေးငယ်များမှာ ဖယောင်းတိုင်မီးကိုပင် မတတ်နိုင်ကြ၍ နေ့အချိန်တွင်သာ စာဖတ်လေ့လာရပါသည်။ ကျေးရွာမီးလင်းရေး ဗဟိုဌာနသည် ကလေးငယ်များအတွက် စာပေပညာ ဖတ်ရှုလေ့လာသင်ယူနိုင်ရန် နေရာတစ်ခုဖြစ်သည့်အပြင် ဆရာဆရာမများကလည်း အချိန်ပိုအတန်းများ သင်ကြားပေးနိုင်သည့်အတွက် ကလေးများ၏ ပညာရေးအခြေအနေ များစွာတိုးတက် ပြောင်းလဲလာခဲ့သည်မှာ ကြည်နူးစရာပင်ဖြစ်သည်။

ကျွန်တော်တို့သည် အဆိုပါ ကျေးရွာမီးလင်းရေး ဗဟိုဌာန (၁၅) ခုကို မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့အပြင် ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း တည်ဆောက်ပြီးဖြစ်ပါသည်။ ကျေးရွာမီးလင်းရေး ဗဟိုဌာနများကြောင့် ကျေးလက်ဒေသရှိ ပြည်သူများ၏ နေဝင်ပြီးနောက် လူနေမှုဘဝများ တိုးတက်ပြောင်းလဲခဲ့သည့်အတွက် FMI အနေဖြင့် လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူမှုအတွက် အဆိုပါ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ လာမည့်ဘဏ္ဍာ နှစ်တွင်လည်း ကျေးရွာမီးလင်းရေး ဗဟိုဌာနများကို ဆက်လက်တည်ဆောက်သွားမည် ဖြစ်ပါသည်။ ကျေးရွာမီးလင်းရေး ဗဟိုဌာနတစ်ခု တည်ဆောက်ရန် ကုန်ကျစရိတ်မှာ ကျပ်ငွေ (၈၅) သိန်းခန့် ဖြစ်သောကြောင့် ပြည်သူလူထုနှင့် ရှယ်ယာရှင်များထံမှ ထောက်ပံ့မှုများ၊ အလှူငွေများကို ကြိုဆိုလျက်ရှိပါသည်။

ရိုးမအုပ်စုသည် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၏တန်ဖိုးကို အစဉ်သိရှိနားလည်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကဏ္ဍကို မှီခိုရာမှ ဝန်ဆောင်မှုကဏ္ဍသို့ ကူးပြောင်းလာရာတွင် ကျွမ်းကျင် လုပ်သားများ လိုအပ်ရှားပါးမှုသည် အထူးသိသာလာပါသည်။ ထို့ကြောင့် ရိုးမအုပ်စုသည် စီးပွားရေးကို အထောက်အကူပြုနိုင်ရန် လုပ်သားများ၏ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။ ကိန္နရာဘားအံဟိုတယ်၏ စီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် ဆောက်လုပ်ရေးလုပ်သားများ ဟိုတယ်တွင်ပြောင်းလဲလုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖြင့် သင်ကြားပို့ချ ပေးခဲ့သည်။ ထိုသင်ကြားပို့ချ ရေးအစီအစဉ်သည် အလွန်အောင်မြင်ခဲ့ပြီး ယခင်က မကျွမ်းကျင်သော လုပ်သားများသည် ယခုအခါ ကျွမ်းကျင်လုပ်သားများအဖြစ် ဟိုတယ်တွင် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

ပန်းလှိုင်စီလုံဆေးရုံများမှ ဆေးကုသမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများ

ပန်းလှိုင်စီလုံဆေးရုံမှ ဒေါက်တာရဲမိုးမြင့် သည် စစ်တွေသို့ သွားရောက်ခဲ့ပြီး မြို့နယ်၏ဆေးဝါးလိုအပ်မှုများ ရရှိနိုင်ရန် ကျောက်တော်မြို့၌ ကျန်းမာရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကျောက်တော်မြို့နယ်သည် ကျေးရွာ (၁၀၀)နီးပါးရှိ၍ လူဦးရေ (၂၀၀,၀၀၀) ဝန်းကျင်ရှိပါသည်။ မြို့နယ်၌ အဓိကအခက်အခဲမှာ ကာလ ဝမ်းရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်တားဆီးရန်နှင့် စေ့စပ်ညှိနှိုင်းမှုကောင်းမွန်သော ကယ်ဆယ်ရေး ဆောင်ရွက်မှုများ ရရှိစေရန်ဖြစ်သည်။ ထို့ပြင် ရေသန့်စက်များလှူဒါန်းခြင်းဖြင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

FMI Air မှ အရေးပါသော သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတစ်ရပ်အား ကူညီပေးခြင်း

FMI Air လေကြောင်းလိုင်းသည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ပျံသန်းခဲ့သည်။ ဤဒေသသည် ရေလွှမ်းမိုးမှုဒဏ်အဆိုးရွားဆုံးခံရသော ဒေသတစ်ခုဖြစ်ပါသည်။ ထောက်ပံ့ကူညီ ကယ်ဆယ်ရေးပစ္စည်းများအား သယ်ယူပို့ဆောင်ပေးခဲ့ပြီး ပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါသည်။

Pun Hlaing Golf Estate မှ ထောက်ပံ့ငွေတိုးပွားရန် ဆောင်ရွက်မှု

ရေလွှမ်းမိုးခြင်းဒဏ်ခံရသော ရေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ငွေတိုးပွားစေရန် Pun Hlaing Golf Estate သည် တီရှပ်အင်္ကျီများနှင့် ကိတ်မုန့်နှင့် မုန့်မျိုးစုံပြုလုပ်ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချမှုနှင့် တိုးပွားရရှိလာသော ထောက်ပံ့ငွေများကို ကုမ္ပဏီအုပ်စု၏ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စစ်တွေမြို့ပတ်ဝန်းကျင် ဧရိယာရှိ ကယ်ဆယ်ရေးလု်ငန်းများသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။

Balloons Over Bagan မှ အခြေခံကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

လူသုံးကုန်ပစ္စည်းများ ကူညီထောက်ပံ့မှုကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ Balloons Over Bagan မှ ကယ်ဆယ်ရေးအဖွဲ့သည် ပခုက္ကူမြို့နယ် ကြက်ရှာကျေးရွာသို့ လှေဖြင့်သွားရောက်၍ ဆန်၊ ဆီ၊ ငါးသေတ္တာဗူး၊ ရေ၊ တီရှပ်အင်္ကျီများနှင့် ဦးထုပ်များကို မိသားစု (၃၆၀)သို့ လှူဒါန်းခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ယင်းကျေးရွာသို့ ပထမဆုံးရောက်ရှိခဲ့သော ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါသည်။

FMI နှင့် SPA Group တို့သည် ဒေသခံအဖွဲ့အစည်းများ၏ လူမှုဘဝပြန်လည်တိုးတက်ရန်ယုံကြည်ထားပြီး ထိုလူမှုရေး၊ ပညာရေးချို့တဲ့သည့်အဖွဲ့အစည်းများအား ကူညီပေးလျက်ရှိပါသည်။ ဤချို့တဲ့အားနည်းမှု အဆုံးသတ်စေရန် ကျွန်တော်တို့သည် လူမှုရေး ၊ပညာရေးချို့တဲ့သော အဖွဲ့အစည်းများသို့ အစားအသောက်နှင့် ကျောင်းများအား ထောက်ပံ့ကူညီပေးမှုများ ပုံမှန်လှူဒါန်းလျက်ရှိပါသည်။ နှစ်စဉ် FMI နှင့် SPA Group တို့သည် တွံတေးမြို့ရှိ မိဘမဲ့ကလေးဂေဟာများသို့ သီးသန့်လှူဒါန်းမှုများ ဆောင်ရွက်လျက် ရှိပါသည်။

FMI City အနီးနေထိုင်သော လှိုင်သာယာလူငယ်များအတွက် FMI မှ ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်လျက် ရှိပါသည်။ လှိုင်သာယာဒေသခံများအား အလုပ်အကိုင်ပေးလျက်ရှိသည့်အပြင် လာမည့် မျိုးဆက်သစ်များအား အကျိုးပြု၍ တာဝန်သိသောနိုင်ငံသားများ ဖြစ်လာစေရန်တိုးတက်ဖွံ့ဖြိုးလာမည်ကို မိမိတို့ယုံကြည် ထားပါသည်။

ပုသိမ်မြို့အနီး မော်တင်နယ်မြေ၌ ဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုဖြစ်ထွန်းတိုးတက်စေရန် FMI နှင့် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများသည် ဒေသခံပြည်သူများ လူမှုဘဝတိုးတက်စေရန် ရည်ရွယ် လျက် လူမှုရေးအစီအစဉ်အများအပြားကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအစီအစဉ်များအနက် ပထမဆုံး ဖြစ်သည့် အစီအစဉ်မှာ အလုပ်သမားများ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ၎င်းနယ်မြေတွင် တည်ဆောက်ခဲ့သော ဆင်ဝိုင်းကျောင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ကုမ္ပဏီအုပ်စုသည် အဆိုပါကျောင်းအား တည်ဆောက်ပေး ခြင်းသာမကဘဲ အဆိုပါကျောင်း၌ ပညာသင်ကြားပေးသော ဆရာများ၏ လစာကို ဆက်လက်ပေးသွားမည် ဖြစ်ပါသည်။

ဤအရေးပါသော ပညာရေးဆိုင်ရာပဏာမခြေလှမ်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် တစ်ခုကို လည်း မော်တင်ဒေသ၌ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ဤကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွင် ကြိုတင်ကာကွယ် တားဆီးရေး ဆောင်ရွက်မှုများဖြစ်သည့် အလုပ်သမားများအားပြုစုကုသခြင်းနှင့် ပညာပေးခြင်းဖြစ်သည့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆောင်ရွက်မှုနှင့် SPA ကုမ္ပဏီအုပ်စုမှ စီစဉ်ဆောင် ရွက်ပေးသည့် ဆရာဝန်များဖြင့် ကုသစောင့်ရှောက်ပေးသော ဒေသန္တရဆေးခန်း တစ်ခုလည်းပါဝင်ပါသည်။

ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအပြင် မိမိတို့သည် အလုပ်သမားများအား သန့်ရှင်းလုံခြုံသော နေရာထိုင်ခင်း စီစဉ်ပေးထားပါသည်။ မိသားစုရှိသော အလုပ်သမားများအား ၎င်းတို့ကိုယ်ပိုင်အိမ်များတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုအား ဖြည့်စွက်ထောက်ပံံ့ပေးထားပြီး တစ်ကိုယ်ရည်တစ်ကာယ အလုပ် သမားများကိုမူ ကျယ်ဝန်းသော အိမ်ဆောင်များတွင် နေရာထိုင်ခင်း စီစဉ်ပေးထားပါသည်။

ဘုရင့်နောင်ဈေးအနီး ဧရိယာပတ်လည်တွင် မကြာခဏ ပေါ်ပေါက်သည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကြောင့် ရန်ကုန်မြို့တော် အာဏာပိုင်အဖွဲ့များသည် ခုံးကျော်တံတားတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ ခုံးကျော်တံတားတည်ဆောက်မှုကို FMI မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ၎င်းဧရိယာဝန်းကျင်၌ သွားလာမှုအချိန်မှာ သိသာစွာတိုးတက်ခဲ့ပြီး ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အသိပညာပေးမှု အစီအစဉ်များဖြင့် ပြည်သူလူထုအတွင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် ပန်းလှိုင်ဆေးရုံမှ တာဝန်ယူထားပါသည်။ ဤဆေးရုံသည် အမျိုးသမီးများ၏ ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေးနိုင်ရန် လူထုအသိပညာပေးရေး ဆွေးနွေးပွဲများ ပုံမှန်ကျင်းပပြုလုပ်လျက် ရှိပါသည်။ ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းရာတွင် ၎င်းတို့အား အကူအညီပေးနိုင်ရန် ကျောင်းသားများအတွက် ဆွေးနွေးမှုများကိုလည်း စီစဉ်ပေးလျက်ရှိပါသည်။

ဤပညာရေးအစီအစဉ်များအပြင် ပန်းလှိုင်ဆေးရုံသည် ရန်ကုန်မြို့ရှိကျောင်းအသီးသီးတွင် ကျန်းမာရေး ဆောင်ရွက်လျက်ရှိပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအား အရေးပါသော ကျန်းမာရေးဝန် ဆောင်မှုများဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါဆေးရုံမှ ဝန်ထမ်းများသည် ရန်ကုန်မြို့ဧရိယာအတွင်းရှိ မိဘမဲ့ ကလေးဂေဟာများအား လှူဒါန်းမှုအပါအဝင်ငွေကြေးထောက်ပံ့မှုများကိုလည်း ပုံမှန်ပြုလုပ်ပေးလျက် ရှိပါသည်။

ဆိုင်ကလုံး မုန်တိုင်း နာဂစ်ကြောင့် ဒုက္ခရောက်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် FMI သည်တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် ကျေးရွာ ဘုရား၊ ကျောင်း၊ သိမ်နှင့် ကျေးရွာသားများ ဘုရားဝတ်ပြုရန်နှင့် ဘာသာရေး အခမ်းအနားများ ပြုလုပ်နိုင်ရန် အာရုံခံ တန်ဆောင်း အပါအဝင် အောက်ပြွန်ဝကျေးရွာရှိ ပထမဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှေ့ပြေး ကျေးရွာ (ESPV) တည် ဆောက်ရေး ကိုဆောင်ရွက်ခဲ့ပါသည်။

ဤသို့ဆောင်ရွက်ခဲ့ရာတွင် ရွာသူရွာသားများနှင့်တိုင်ပင်ဆွေးနွေးခဲ့ပြီး ဆိုင်ကလုံးမုန်တိုင်းကြောင့် ပျက်သုန်း သွားခဲ့ကြသော အစားထိုးနိုင်ခြင်း မရှိသည့် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုလစ်ဟာနေခြင်းကို ဖြည့်ဆည်း ပေးခဲ့သည်။ SPA/FMI Group ဝန်ထမ်းများ၊ မိတ်ဆွေများ ၊ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် ကျေးရွာသားများ ကိုယ်တိုင် ရက်ရောစွာ လှူဒါန်းမှုများကြောင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော အဆိုပါ ဘာသာရေးဆိုင်ရာ အဆောက်အဦများ တည်ထောင်ခြင်းမှာ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် လုံးဝပြီးစီးခဲ့ပါသည်။

SPA/FMI Group မှ ဒါရိုက်တာများ၊ အတူလိုက်ပါခဲ့ကြသော ဝန်ထမ်းများ၊ အလှူရှင်များနှင့် မိတ်ဆွေများသည် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် အောက်ပြွန်၀ ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကောင်းမှုကုသိုလ်ပြု အမျှအတန်းပေးဝေသော ဘာသာရေးအခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ အမျိုးသားသဘာဝဘေးအန ္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဗဟိုကော်မတီ ၏ အလယ်ကျွန်းပေါ်ရှိ ကွင်းကြီးကျေးရွာအနီး လူ ၅၀၀ ဆံ့ Cyclone Shelter တစ်ခု တည်ဆောက်ရန် တာဝန်ပေးခြင်းကိုလည်း FMI မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ FMI နှင့် Cyclone Shelter များ တည်ဆောက်ခဲ့ကြသည့် အခြား ကုမ္ပဏီများကို အမျိုးသားသဘာဝဘေးအန ္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နှင့် ထိုအချိန်က ဝန်ကြီးချုပ်ဦးသိန်းစိန် မှ ချီးကျူးဂုဏ်ပြုခဲ့ပါသည်။

SPA Start

SPA START သည် (၆)လကြာ သင်တန်းတစ်ခုအား အခြေခံရေးဆွဲထားသော သင်တန်းတစ်ခုဖြစ်ပြီး ၎င်းသင်တန်းတွင် ခန့်အပ်တာဝန်ပေးထားသော ဆရာများထံမှ အကြံဉာဏ်နှင့် အကြံပြုချက်များ ရယူနိုင်သည်။ ငယ်ရွယ်သူ မြန်မာစီးပွားရေးစွန့်ဦးတီထွင်သူများအတွက် လိုအပ်ချက်အရ အံဝင်ခွင်ကျစီမံထားသည့် စီးပွားရေး ဆိုင်ရာ သင်ကြားလေ့ကျင့်ပေးမှုအစီအစဉ် တစ်ခုဖြစ်ပါသည်။

သင်တန်းမှ ဆရာများသည် SPA ကုမ္ပဏီအုပ်စုအတွင်းရှိ ကုမ္ပဏီခွဲများမှ အကြီးတန်းအမှုဆောင် အရာရှိ များ၊ မန်နေဂျာ များနှင့် အမှုဆောင်အရာရှိချုပ်များ ဖြစ်ကြပြီး ငယ်ရွယ်သော မြန်မာစီးပွားရေးစွမ်းဆောင်ရှင် များအား အတွေ့အကြုံနှင့် အကြံပေးနိုင်ရန် ၎င်းတို့ကိုယ်ပိုင်ချိန်အား စေတနာဝန်ထမ်းဆောင်ရွက်သူများ ဖြစ်ကြသည်။ ဤလေ့ကျင့်မှု အစီအစဉ်သည် FMI အတွက် နည်းလမ်းတစ်ခုဖြစ်ပြီး SPA Group အနေဖြင့် လာမည့် စီးပွားရေးလုပ်ငန်းရှင်နှင့် မျိုးဆက်သစ်များအား ပြုစုပျိုးထောင်ခြင်းနှင့် ၎င်းတို့အား လမ်းညွှန်ပေး ခြင်းဖြင့် စွန့်စားမှုလုပ်ငန်းသစ်များတွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲအတားအဆီးများအား ဖြတ်ကျော်နိုင်သော စီးပွားရေး အသိုင်းအဝန်းအား ပြန်လည်ပေးနိုင်ရန် ဖြစ်သည်။

 

ဒိုင်စုကျေးရွာ ရေဖြန့်ဝေရေးစက်ရုံ

Yeon Tippetls Well Program နှင့် Pun Hlaing Golf Estate တို့၏ ကူညီမှုဖြင့် SPA ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ဒိုင်စုကျေးရွာသို့ ရေဖြန့်ဝေရေးစက်ရုံတစ်ခု လှူဒါန်းခဲ့ပါ သည်။ အဆိုပါ ရေဖြန့်ဝေရေးစက်ရုံသည် ရွာသူရွာသားများအား ၎င်းတို့ ကိုယ်ပိုင်ရေတွင်းများ တူးဖော်ရန် မလိုဘဲ ရေကောင်းရေသန့်ရရှိနိုင်မည် ဖြစ်ပါသည်။ ရေတွင်းများတူးဖော်ရန် မလိုခြင်းကြောင့် ကုန်ကျစရိတ်ကို ဟန့်တားရာ ရောက်စေပါသည်။

ရွာသားများအတွက် ရေပိုက်ခေါင်း ခြောက်ခုကို ဂါလန် ၈၀၀ ဆန့် ရေဖိအားပါသော ရေစင်ဖြင့် ထောက်ပံ့ပေးထားပြီး ထိုရေစင်ကို ရေစုပ်စက်စခန်း၏ အောက်ခြေတွင် တည်ဆောက်ထားသော ဂါလန် ၂၂၀၀ ဆန့် ရေသိုလှောင်ကန်မှ ဖြည့်ဆည်းပေးပါသည်။ အောက်ေ ခြကန်ကို ရေစုပ်စက်စန်ခန်းအောက် ပေ ၁၆၀ နက်သော အဝီစိတွင်းမှ ရေထုတ်ယူ ဖြည့်တင်းထားခြင်း ဖြစ်ပါသည်။ ရရှိလာသော ရေအရည်အသွေးကို အသိအမှတ်ပြုသည့် အနေဖြင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်များသည် ဒိုင်စု မှ ရရှိသော ရေဖြင့် ချက်လုပ်ထားသော လက်ဘက်ရည်ကို သောက်သုံးခဲ့ကြပါသည်။

ညောင်ရွာသားဖွားခန်း

ဒေသခံမိခင်များ မီးဖွားမှုဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စောင့်ရှောက်မှုပေးနိုင်ရန်နှင့် သားဖွားမိခင်များ အနေဖြင့် မီးဖွားစဉ်ကာလ ရောဂါဖြစ်ပွားမှုပမာဏ လျော့ကျစေရန်အတွက် SPA Group နှင့် Pun Hlaing Golf Estate တို့မှ လှိုင်သာယာမြို့နယ်တွင် ညောင်ရွာသားဖွားဆေးခန်း တစ်ခန်းအား လှူဒါန်းထား ပါသည်။

SPA Project Management မှ ပုံစံရေးဆွဲတည်ဆောက်ထားသော ၎င်းသားဖွားဆေးခန်းအား တရားဝင်ဖွင့် လှစ်ပွဲကို ၂၀၁၂ ခုနှစ်၊ မေလ (၂၅)ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သားဖွားဆေးခန်းသည် ၎င်းဒေသတွင် တိုးပွားလာမည့်သူများအား အရေးကြီးသောဝန်ဆောင်မှုများ ဆက်လက်ပေးသွားမည် ဖြစ်ပြီး မီးဖွားတော့မည့်

မိခင်များအနေဖြင့် ကောင်းမွန်သော အာဟာရစားသုံးမှုအလေ့အကျင့်များ တိုးတက်မှုရှိစေရန် လိုအပ်သည့် အသိပညာပေးမှု ရရှိနိုင်သည့်အပြင် ဘေးကင်းစွာမီးဖွားနိုင်ရန်အတွက် သန့်ရှင်းစင်ကြယ်၍ ရောဂါမရရှိနိုင်သော နေရာတစ်နေရာအား စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲရေးလှုပ်ရှားမှုများ - ကမ္ဘာမြေကြီး

FMI သည် မိမိတို့စီးပွားရေး ရည်ရှည်တည်တံ့ရန်နှင့် မြန်မာနိုင်ငံရှိပြည်သူများအတွက် နိုင်ငံ၏ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် အလေးထားလုပ်ဆောင်သည်။ FMI သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် ရေရှားပါးမှုတို့၏ နက်နဲအရေးပါမှုကို ကောင်းစွာသိရှိနားလည်သည်။ သို့သော် တရှိန်ထိုး တိုးတက်ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအတွက် စိန်ခေါ်မှုများစွာရှိနေသည်။

ရိုးမဘဏ်၏ ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် လွန်ခဲ့သည့် (၂၅) နှစ် နှင့် ယနေ့ကာလအကြား ဘဝသက်တမ်း တစ်လျှောက် ပလက်စတစ် သုံးစွဲမှုများ (“ A Lifetime of Plastic Consumption, 25 Years Ago and Today”) ဟုခေါ်သည့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး ရွေ့လျား အနုပညာလှုပ်ရှားမှု အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊မတ်လမှ ဇွန်လအထိကို ပြည်သူလူထု ပိုမိုသိရှိနိုင်စေရန် ပြပွဲ (၁၅) ခုဖြင့် ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးမြို့ကြီး များတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤလှုပ်ရှားမှုသည် ယနေ့အချိန်နှင့် လွန်ခဲ့သည့် ၂၅ နှစ်မှ မြန်မာပြည်သူတစ်ဦးချင်း၏ ဘဝသက်တမ်း တစ်လျှောက် ပျမ်းမျှသုံးစွဲခဲ့သော ပလပ်စတစ်ပုလင်းများ၊ ပလပ်စတစ်အိပ်များ နှင့် တစ်ခါသုံးပလပ်စတစ်အိပ်ငယ်များ သုံးစွဲမှုကို နှိုင်းယှဉ်ပြနိုင်ရန် ရိုးမဘဏ်နှင့် သန့်မြန်မာ (Thant Myanmar) တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်သည်။ အဆိုပါပြပွဲ၏ ရည်ရွယ်ချက်သည် ပလပ်စတစ် သုံးစွဲမှုတိုးမြှင့်လာခြင်းကို ဖြေရှင်းနိုင်ရန် နှင့် ပလပ်စတစ်သည် ပတ်ဝန်းကျင် ညစ်ညမ်းစေသည်ကို ပြည်သူများ သတိမူလာစေရန်ဖြစ်သည်။ ဤလှုပ်ရှား မှုကြောင့် တစ်ခါသုံးပလပ်စတစ် အိပ်ငယ် သုံးစွဲမှုမှာ လွန်ခဲ့သည့် ၂၅နှစ်ကာလနှင့် ယှဉ်လျင် (၁၀) ဆ တိုးမြှင့်လာသည်ကို အံ့သြထိတ်လန့်ဖွယ် သိရှိခဲ့ရသည်။

Earth Hour လှုပ်ရှားမှုသည် World Wide Fund for Nature (WWF) မှ ဦးဆောင်ပြုလုပ်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ ကမ္ဘာမြေကြီးအား ဂရုစိုက်ကြောင်း ပြသသည့်အနေဖြင့် လူတစ်ဦးချင်းစီ၊ လူမှုအသိုက်အဝန်းများနှင့် စီးပွားရေး လုပ်ငန်းများမှ မလိုအပ်သော လျှပ်စစ်မီးများကို တစ်နာရီခန့် ပိတ်ရန် တိုက်တွန်းသည့် နှစ်စဉ်လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ထို့ပြင် ၂၀၁၉  ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် ကျရောက်သည့် Earth Hour လှုပ်ရှားမှုတွင် ကုမ္ပဏီအုပ်စုနှင့် WWF တို့ ပူးပေါင်း၍ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကို  ဆန့်ကျင်တိုက်ဖျက်ရန် စွမ်းအင်ချွေတာသည့်အနေဖြင့် မနက် (၈) နာရီခွဲမှ (၉)နာရီခွဲအထိ လျှပ်စစ်မီးများ ပိတ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုနှင့်အတူ ရိုးမလုပ်ငန်းစုတခွင်၌ ရေရှည်တည်တံ့ရေးအဖွဲ့မှ “လေထုညစ်ညမ်းမှုကြောင့် လူ့ကျန်းမာရေး ထိခိုက်ခြင်းနှင့် မည်သို့ ကာကွယ်ရမည်” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် ပါဝင်ဆင်နွှဲခဲ့သည်။ ရန်ကုန်တွင် ထိုတကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းရေးနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက် နေ့တွင် ကျင်းပခဲ့ပြီး FMI သည် အဓိကစပွန်ဆာအဖြစ် ပါဝင်ဆင်နွဲခဲ့သည်။ ရန်ကုန်မြို့ရှိ လမ်းများအား သန့်ရှင်းရေးလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် FMI နှင့် Yoma အုပ်စု၏ ဝန်ထမ်းပေါင်း ၂၀၀ ကျော်  လုပ်အားပေးပါဝင်ခဲ့ပြီး  သန့်ရှင်းပြီး စိမ်းလန်းစိုပြေသော မြို့တော်ဖြစ်လာစေရန်  အသိပညာ မျှဝေမှုများ ပြုလုပ်ခဲ့ကြပါသည်။ ကမ္ဘာ့သန့်ရှင်းရေးနေ့ကို နိုင်ငံပေါင်း ၁၅၀ မှ နှစ်စဉ်ကျင်းပပြီး သမိုင်းတလျှောက်တွင် လူထုပါဝင်မှုအကြီးဆုံး လုှုပ်ရှားမှုတစ်ရပ်လည်းဖြစ်သည်။ ၂၀၁၈ ကမ္ဘာ့သန့်ရှင်းရေးနေ့ကို Junior Chamber International Yangon, Trash Heroes, Clean Yangon အဖွဲ့များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ ပူးပေါင်းစီစဉ်ကြခြင်း ဖြစ်သည်။  ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ သမိုင်းဝင်လှုပ်ရှားမှုတွင် ကျွန်တော်တို့နှင့်အတူ ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်လိုက်ပါရစေ။

စာရွက်အသုံးမပြုသော အလေ့အထကို ရိုးမအုပ်စုတစ်ခုလုံးတွင် ကျင့်သုံးလျက်ရှိပြီး အီလက်ထရွန်းနစ် စနစ်ကိုသာ အဓိကထား အသုံးပြု၍ ဆက်သွယ်ပြောဆိုကြရန် တိုက်တွန်းထားပါသည်။ စာရွက်များ ပုံနှိပ်ထုတ်ခြင်းနှင့် မိတ္တူကူးခြင်းတို့ကို ပယ်ဖျက်ရန်အတွက် Cloud-Based စနစ်သုံးကာ ဖိုင်များမျှဝေခြင်းဖြင့် စာရွက်အသုံးမပြုသော အလေ့အထကို ထောက်ပံ့လျက်ရှိပါသည်။

ပလပ်စတစ်သုံးစွဲမှုလျော့ချရေး လှုပ်ရှားမှုသည် ရိုးမအုပ်စုမှ ပလပ်စတစ်သုံးစွဲမှုလျော့ချနိုင်ရန် ကြိုးစားသော ပထမဆုံး လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကြယ်စင်မြို့တော် (StarCity) ၌ ပြုလုပ်သော လူမှုပတ်ဝန်းကျင် သန့်ရှင်းရေးနေ့တွင် မိမိတို့ကုမ္ပဏီမှ ဝန်ထမ်းများ တက်ကြွစွာ ပါဝင်ပံ့ပိုး ပေးခဲ့ကြပါသည်။

ပန်းလှိုင်စီလုံဆေးရုံသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး EMR-ERP စနစ်ကို ယခုနှစ်တွင်  စတင်ကျင့်သုံးခဲ့ပါသည်။ ထိုစနစ်သည် ကမ္ဘာ့အဆင့်မီ နည်းပညာကိုသုံးစွဲပြီး စာရွက်မလိုဘဲ အပြည့်အဝအလိုအလျောက် ဆောင်ရွက်နိုင်မည့် ပလက်ဖောင်းကြောင့် လာမည့် (၃)နှစ်အတွင်း Health Information Management System Society (USA) ၏ အဆင့် (၆)  အသိအမှတ်ပြုလက်မှတ် (ကျန်းမာရေး စောင့်ရှောက်မှု ကမ္ဘာ့ရွှေ အဆင့်သက်မှတ်ချက်) ကို ရရှိနိုင်တော့မည် ဖြစ်ပါသည်။ အဆိုပလက်ဖောင်းကြောင့် ဆေးခန်းဆိုင်ရာနှင့် ဆေးခန်းဆိုင်ရာမဟုတ်သော လုပ်ငန်းဆိုင်ရာများကို ဘဏ္ဍာစီမံခန့်ခွဲမှု စနစ်အသစ်ဖြင့် ချိတ်ဆက်ကာ အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ဆေးရုံများကွန်ရက်တစ်ခုလုံးအတွက် ရင်းမြစ်များသုံးစွဲခြင်း၊ ဆေးရုံလုပ်ငန်းလည်ပတ်ခြင်းတို့ကို ထိန်းချုပ်ပေးသည့် ဆေးကုသမှုမှတ်တမ်းများနှင့် အစီအစဉ်ချခြင်း လုပ်ငန်းများဆိုင်ရာ မှတ်တမ်းများကိုား ကွန်ပျူတာစနစ်ဖြင့်  သိမ်းထားပေးနိုင်ခြင်းသည် အဆိုပါ ပလက်ဖောင်း၏ အဓိကအင်္ဂါရပ်တစ်ခုဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲရေးလှုပ်ရှားမှုများ - အကျိုးအမြတ်

ကုမ္ပဏီအုပ်စုသည် လုပ်ငန်းများအောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်မှသာ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီနိုင်မည်ဖြစ်သည်။ ဤသို့လုပ်ဆောင်လာနိုင်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲရေးသည် အဓိကကျသော အချက်ဖြစ်သည်။ ကျွန်တော်တို့သည် ရှယ်ယာရှင်နှင့် ရင်းနှီးမြှုပ်နှံသူများကို အမြတ်ငွေများပေးနိုင်ရန် အစဉ်ကြိုးစားသည့်အပြင် ပြည်သူနှင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သည်များကို ရရှိလာသည့် အကျိုးအမြတ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

Wave Money သည်  ကိုယ်စားလှယ်များမှတဆင့် သို့မဟုတ် မိုဘိုင်းဖုန်းများမှတဆင့် ငွေကြေးပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်သည့် ဝန်ဆောင်မှုတစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။ Wave Money လုပ်ငန်းသည် လုပ်ငန်းစတင်သည့် အချိန်မှ စ၍ လျင်မြန်သောစီးပွားရေးလုပ်ငန်း တိုးတက်မှုများ၊ ကောင်းမွန်သော စီးပွားရေး သက်ရောက်မှုများ နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုများဖြင့် အကောင်းဆုံး ရလဒ်များ ရရှိခဲ့ပါသည်။ သမာရိုးကျ ဘဏ်ခွဲများထက် ၁၆ ဆ ပိုမို များပြားသော ကိုယ်စားလှယ်ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး  မြန်မာနိုင်ငံအတွင်း အကြီးဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှု ကွန်ရက်ကို ဖန်တီးဖော်ထုတ် ထားပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း  Wave Money သည် ကျပ် ၂ ထရီလီယံ ကျော် ( အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ) ကို ငွေလွှဲပေးခဲ့ပြီး  ထိုပမာဏသည် မြန်မာနိုင်ငံ GDP ၏ ၂% နှင့် ညီမျှပါသည်။ နိုင်ငံတဝန်းတွင် သုံးစွဲသူ ပြည်သူပေါင်း ၇ သန်းကျော်ကို လစဉ် ဝန်ဆောင်မှု ပေးလျက် ရှိပြီး လုံခြုံလွယ်ကူစွာ ငွေလွှဲနိုင်ခြင်း၊ငွေလက်ခံနိုင်ခြင်း၊ ဖုန်းဘီလ်များ ဝယ်ယူခြင်း၊ လျပ်စစ်မီတာခများ ပေးဆောင်ခြင်းတို့ကို လုပ်ဆောင်ပေးလျက် ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် Wave Money သည် ကိုယ်စားလှယ်များအား ကော်မရှင်ခ အဖြစ် ကျပ် ၁၉  ဘီလီယံကို ပေးအပ်နိုင်ခဲ့ပြီး မြန်မာ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ပါသည်။

FMI ကို စတင်ထည်ထောင်သည့် ၁၉၉၂ ခုနှစ်မှစ၍ နှစ်စဉ် မြန်မာနိုင်ငံ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့ပါသည်။ အစိုးရနှင့် လူမှုအဖွဲ့အစည်းများသို့ ကုမ္ပဏီမှ ထည့်သွင်းပေးဆောင်ခဲ့သည့် စာရင်းများကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

https://fmi.com.mm/investors/tax-contributions/

ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူမှုဘဝတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန် ဟူသည့် ကျွန်တော်တို့ လုပ်ငန်းစုနှင့် တူညီသောရည်မှန်းချက်ထားရှိသည့် ပန်းလှိုင်စီလုံဆေးရုံသည် အဆိုပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ထားသည့် ဆေးရုံများဖြင့် ကြိုးပမ်းလျက်ရှိသည်။ ပန်းလှိုင်ဆေးရုံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့ ဆေးရုံပေါင်း (၁၀) ရုံကျော်အထိ ဖွင့်လှစ်ပြီး ကွန်ယက်ချဲ့ထွင်ရန် ကြိုးပမ်းသွားမည်။ ကျွန်တော်တို့သည် တစ်နိုင်ငံလုံးရှိ လူတန်းစားမျိုးစုံ လက်လှမ်းမှီ တက်နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်သွားဖြင်ဖြင့် လူမှုဝန်းကျင် အသိုင်းအဝိုင်းကို အကျိုးပြုသွားမည်ဖြစ်သည်။

FMIDecaux သည် ရန်ကုန်မြို့တွင်း ဘတ်စ်ကားမှတ်တိုင်များအတွက် စံချိန်စံနှုန်းအသစ်တစ်ခု သတ်မှတ် ပေးသွားရန် ရည်ရွယ်ပါသည်။ ခေတ်မီဘတ်စ်ကားမှတ်တိုင်များအား အကောင်းဆုံးသော သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်တွင် FMIDecaux မှ တီထွင်ခဲ့သော လုပ်ငန်းမော်ဒယ်လ်အရ စီမံကိန်းအတွက် ကြော်ညာလုပ်ငန်းမှ ရရှိသော ငွေကြေးဖြင့်သာ သုံးစွဲသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤစီမံကိန်းအတွက် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ကုန်ကျစရိတ်အပို ရှိမည်မဟုတ်ပါ။