YSX Expo 2018 (Investment Opportunity with You)
ရန်ကုန်စတော့အိတ်ချိန်းမှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးရန်အတွက် နှစ်စဉ်ကျင်းပသည့် YSX Expo ကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ လတ်တလောတွင် စိန်ခေါ်မှုများရှိသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာ ရှိနေသည်ကို ယုံကြည်သည့်အနေဖြင့် အဆိုပါပွဲတွင် FMI မှ ပါဝင် ဆင်နွှဲခဲ့သည်။
FMI ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ဇာခြည်တင်သည် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အခြား ကုမ္ပဏီများနှင့်အတူ ဆွေးနွေးပွဲတွင် ပါဝင်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် FMI ၏ အဓိကကဏ္ဍ ၄ ခုဖြစ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအကြောင်းအပြင် FMI တွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ရရှိနိုင်သည့် ကောင်းကျိုးများကိုလည်း ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
FMI ၏ ၂၆ နှစ်ကြာ လုပ်ဆောင်မှုများနှင့် အတွေ့အကြုံများကြောင့် စီးပွားရေးကဏ္ဍတိုင်းတွင် FMI မှ ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိသည်။