ကမ္ဘာ့သန့်ရှင်းရေးနေ့
စက်တင်ဘာလ ၁၅ ရက်နေ့ကို နိုင်ငံတကာ အမှိုက်များကင်းစင်ရေးနေ့ အဖြစ်သတ်မှတ်ထားရာ မြန်မာနိုင်ငံက ယခုနှစ်တွင် ပထမအကြိမ်အဖြစ် ပါဝင်ခဲ့ပြီး FMI က ဤလှုပ်ရှားမှုအတွက် Diamond sponsor အဖြစ် ကုန်ကျစရိတ်ကို ကျခံလှူဒါန်းခဲ့ပါသည်။ FMI နှင့် ရိုးမအုပ်စုမှ လုပ်ဖော်ဆောင်ဖက်များသည် ရန်ကုန်မြို့တွင်းတွင် အမှိုက် သရိုက် များကောက်ခြင်း၊ မြို့တော်အား စိမ်းလန်း၍ သန့်ရှင်းသည့် မြို့တော်အဖြစ် ဖန်တီးကြရန် အသိပညာဖြန့်ဖြူး ခြင်း တို့လုပ်ဆောင်၍ လုပ်အားပေးခဲ့ကြပါသည်။
နှစ်စဉ် နိုင်ငံတကာ အမှိုက်များကင်းစင်ရေးနေ့ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ (၁၅၀) ကျော်တို့က ပါဝင်ကျင်းပလျက်ရှိပြီး သမိုင်းတွင် လူထုပါဝင်မှုအကြီးဆုံးလှုပ်ရှားမှု တစ်ခုလည်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင်ကျင်းပသော ကမ္ဘာ့အမှိုက်ကင်း စင်ရေးနေ့ကို Junior Chamber International Yangon, Trash Heroes, Clean Yangon နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တို့က ကြီးမှူးကျင်းပခဲ့ကြပါသည်။