Launch & EDGE Certification Event
Business Coalition for Gender Equality (BCGE) ၏ တည်ထောင်သူများထဲမှ တစ်ဦး ဖြစ်သော FMI သည် မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ကျားမတန်းတူညီမျှမှု ရရှိရေးအတွက် အဓိက ပံ့ပိုးပေးသည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပ သည့် BCGE အဖွဲ့အား စတင်မိတ်ဆက်ပွဲနှင့် EDGE အသိအမှတ်ပြုလက်မှတ် ရရှိသူများအား ဂုဏ်ပြုပွဲကို တက်ရောက်ခွင့်ရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။ EDGE အသိအမှတ်ပြု လက်မှတ်ဟူသည်မှာ လုပ်ငန်းခွင်အတွင်း ကျားမတန်းတူညီမျှမှုကို ဖန်တီးပေးနိုင်ရန် အတွက် အဖွဲ့အစည်းများကို အကူအညီပေးသော အသိအမှတ်ပြုလက်မှတ် ဖြစ်ပါသည်။ ပန်းလှိုင်စီလုံ ဆေးရုံသည် ကမ္ဘာပေါ်တွင် EDGE အသိအမှတ်ပြုလက်မှတ်ရရှိသော တစ်ခုတည်းသော ဆေးရုံအဖြစ် ရွေးချယ်ခံရသည့်အတွက် များစွာ ဝမ်းသာကြည်နူးရပါသည်။