ကမ္ဘာကြီးကို လိမ္မော်ရောင်ခြယ်ကြစို့ (UN ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး)
ကျွန်မတို့သည် ကမ္ဘာကြီးကို လိမ္မော်ရောင်ခြယ်ကြစို့ ကြွေးကြော်သံဖြင့် ကျား-မ ခွဲခြားမှုအပေါ်အခြေခံသော အကြမ်းဖက်မှု အားဆန့်ကျင်ရေး (၁၆) ရက်ကြာ စည်းရုံးလှုံ့ဆော်မှုတွင် ရိုးမအုပ်စုအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ရိုးမအုပ်စုမှ စေတနာ့ဝန်ထမ်းများသည် ဤလှုပ်ရှားမှုကို ထောက်ခံသည့်အနေနှင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးကိုရည်စူးသည့် ကဗျာတစ်ပုဒ်နှင့် ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုရိုက်ကူးရာတွင် ပါဝင်ကူညီ ပေးခဲ့ကြပါသည်။
ယခုနှစ်တွင် ကမ္ဘာကြီးကို လိမ္မော်ရောင်ခြယ်ကြစို့ဟူသော ကြွေးကြော်သံနှင့် #HearMeToo စည်းရုံးလှုံ့ဆော်မှုတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအား ကာကွယ်ရေးနှင့် အဆုံးသတ်ရေးတို့နှင့် ဆက်စပ်သော ကိစ္စရပ်များကို မီးမောင်းထိုးပြနိုင်ရန် ပြည်သူများအားဆော်သြစည်းရုံးရန်အတွက် လုပ်ဖော်ကိုင်ဖက်များအား သတိရစေပါသည်။
လိမ္မော်ရောင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုုပ်၏ UNiTE စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းအတွက် သတ်မှတ်ထားသည့် တရားဝင်အရောင်ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုမှလွတ်ကင်းသည့် ပိုမိုတောက်ပသော အနာဂါတ်တစ်ခု၏ သင်္ကေတအဖြစ် အသုံးပြုသည့်အရောင်ဖြစ်ပါသည်။