အထူးကျင်းပသည့် အထွေထွေအစည်းအဝေး
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် First Myanmar Investment Public ကုမ္ပဏီသည် ၎င်း၏ အထူးကျင်းပသည့် အထွေထွေ အစည်းအဝေး ကို ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး ကျင်းပရသည့် အကြောင်းအရင်းများမှာ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအသစ်အရ ကုမ္ပဏီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အသစ်ကို အတည်ပြုရန်၊ ကုမ္ပဏီ၏ အမည်ကို “First Myanmar Investment Public Company Limited” အဖြစ် အမည် ပြောင်းလဲရန် နှင့် လိုအပ်ပါက အစုရှယ်ယာအသစ်များ ထုတ်ဝေနိုင်ရန် အတွက် ဒါရိုက်တာအဖွဲ့ကို လုပ်ပိုင်ခွင့် ပေးအပ်ရန်တို့ ဖြစ်ကြပါသည်။ အစည်းအဝေးပွဲ တွင် အဆိုပြုထားသော ဆုံးဖြတ်ချက်အားလုံး ကိုတက်ရောက်လာသော ရှယ်ယာရှင်များက မဲခွဲဆုံး ဖြတ်၍ အတည်ပြု ပေးခဲ့ပါသည်။