ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၌ မြန်မာနိုင်ငံတွင် ပါဝင်ယှဉ်ပြိုင်သူအများဆုံးဖြစ်သည့် ၂၀၁၉ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို Yoma Strategic Holdings ၊ FMI နှင့် YCDC တို့မှ ပူးပေါင်း စီစဉ်ကျင်းပခဲ့ပါသည်။ FMI အနေဖြင့် ပြည်တွင်း နှင့် ပြည်ပမှ အပြေးသမားပေါင်း ၉,၀၀၀ ကျော်တို့ ပါဝင်ဆင်နွဲခဲ့သည့် ထိုအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ပါဝင်ဆင်နွဲခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူမိပါသည်။
အမျိုးသား ၄၂ ကီလိုမီတာ (အပြည့်မာရသွန်) ကို ကင်ညာနိုင်ငံမှ Peter Ket က ၂ နာရီ၊ ၃၀ မိနစ်၊ ၁၃ စက္ကန့် (၂:၃၀:၁၃) စံချိန်ဖြင့်လည်းကောင်း၊ အမျိုးသမီး ၄၂ ကီလိုမီတာ (အပြည့်မာရသွန်) ကို ကင်ညာနိုင်ငံမှ Margaret Wangui က ၂ နာရီ၊ ၅၂ မိနစ်၊ ၃၅ စက္ကန့် (၂:၅၂:၃၅) စံချိန်ဖြင့်လည်းကောင်း အသီးသီးပထမဆုရရှိခဲ့သည့် အတွက် ၎င်းတို့အား ဂုဏ်ယူ ဝမ်းမြောက် ကြောင်းပြောကြားလိုပါသည်။