Invest Myanmar Summit 2019
နေပြည်တော်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ပြုလုပ်ကျင်းပသော စီမံကိန်းပေါင်း ၁၂၀ ကျော် ပါဝင်သည့် “ Invest Myanmar Summit 2019” ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်ဆင်နွဲခွင့်ရသည့်အတွက် FMI ကုမ္ပဏီ အနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဤထိပ်သီးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ် အခြေအနေနှင့် စီးပွားရေး အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် အလားအလာ ရှိသော ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှပ်နှံသူများအား ဖိတ်ခေါ်ရန် ဖြစ်ပါသည်။
ထိုပွဲတွင် FMI ကုမ္ပဏီ၏ အနာဂတ် စီးပွားရေးမဟာဗျူဟာများအကြောင်းကို ရင်းနှီမြှပ်နှံသူများ သိရှိအောင် မျှဝေပြောပြနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သောကြောင့် ဤထိပ်သီးအစည်းအဝေးပွဲသို့ ပါဝင်တက်ရောက်ခွင့်ရခြင်းအား တန်ဖိုးထား ဂုဏ်ယူမိပါသည်။