FMI June press conference
First Myanmar Investment သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၁၉ ဘဏ္ဍာနှစ်၏ ရလဒ်များကို ရန်ကုန်စတော့အိတ်ချိန်း၌ ယနေ့တွင်ထုတ်ပြန်ကြေညာသည်။ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတွင် FMI သည် ဝင်ငွေ ကျပ် ၂၇၉.၇ ဘီလီယံရရှိခဲ့သဖြင့် ၂၀၁၈ ဘဏ္ဍာနှစ်ထက် ၃၆% တိုးတက်ခဲ့သည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် FMI ၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးထွန်းထွန်းသည် အဓိက စီးပွားရေးအောင်မြင်မှု ရလဒ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ရလဒ်များအနေဖြင့် အိမ်ရာဖော်ထုတ်တည်ဆောက်ရေးကဏ္ဍတွင် City Loft စီမံကိန်း စတင်ခဲ့ခြင်း နှင့် Memories Group သည်လည်း ရန်ကုန်နှင့် မြိတ်ကျွန်းစုများတွင် ဟိုတယ်များ ထပ်မံဖွင့်လှစ်ခြင်းဖြင့် တိုးချဲ့ခဲ့သည်။