(၂၇) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
FMI ၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ယနေ့မနက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးပွဲတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ချက်များ၊ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း တိုးတက်မှုအခြေအနေနှင့် လာမည့်နှစ်အတွက် ထားရှိသည့် နည်းဗျူဟာများကို ကျွန်တော်တို့ ရှယ်ယာရှင်များကို ပြောကြားမျှဝေခဲ့သည်။
အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) Serge Pun၊ လုပ်ငန်းဆိုင်ရာ အမှုဆောင် အရာရှိချုပ် ဦးထွန်းထွန်း နှင့် အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါ်ဇာခြည်တင်တို့မှ အဓိကဆွေးနွေးပြောကြားခဲ့သည်။