YSX EXPO 2019 တွင် FMI က ပါဝင်ဆင်နွှဲ
ယနေ့ Novotel Yangon Max ၌ ကျင်းပပြုလုပ်သည့် YSX EXPO 2019 တွင် First Myanmar Investment မှ ပါဝင်ဆင်နွှဲခဲ့သည်။ ပွဲတွင် ကုမ္ပဏီများ နှင့် ပြည်သူလူထုတို့မှ မြန်မာနိုင်ငံရှိ စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို လေ့လာခဲ့သည်။
Managing Associate ဖြစ်သူ ခန့်ဇော်မော် @ Henry နှင့် Senior Associate ဖြစ်သူ သွဲ့မျိုးထွဋ်တို့မှ FMI ၏ အဓိက စီးပွားရေး လုပ်ငန်းကြီး ၄ ခုဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ အိမ်ခြံမြေ၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုတို့အပြင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ နှင့် FMI ၏အနာဂတ် မျှော်မှန်းချက်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
FMI သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းသွင်းခြင်းခံရသည့် ကုမ္ပဏီဖြစ်သည်။