(၂၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
FMI ၏ ၂၈ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့မနက်တွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေ @ Serge Pun နှင့် လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်း တို့မှ ပြီးခဲ့တဲ့ ၆ လအတွင်း FMI မှာ ဖြစ်ခဲ့တဲ့ စီးပွားရေးတိုးတက်မှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်မှုများကို ကျွန်တော်တို့ ရှယ်ယာရှင်များနှင့် မျှဝေ ပြောကြားခဲ့ပါတယ်။
ထိုသို့တိုးတက်မှုများတွင် FMI နှင့် Ayala Corporation တို့ကြား မဟာဗျူဟာမြောက် မိတ်ဖက်မှုအပြင် ရိုးမဘဏ်နှင့် International Finance Corporation ၊ GIC နှင့် Norfund တို့ကြား မိတ်ဖက်မှု နှင့် ပန်းလှိုင်စီလုံဆေးရုံနှင့် OUE Lippo Healthcare တို့ကြား မိတ်ဖက်မှုများလည်း ပါဝင်ပါသည်။
အဆိုပါ မဟာဗျူဟာမြောက် မိတ်ဖက်မှုများသည် FMI ကုမ္ပဏီအတွက်သာမက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ဖို့နှင့် မြန်မာပြည်သူများအတွက်ပါ မှတ်တိုင်တစ်ခု ချမှတ်လိုက်နိုင်ခြင်းပင်ဖြစ်ပါသည်။