ကျွန်ုပ်တို့၏မျော်မှန်းချက်

“ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရန်”

“ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင် ဆောင်ရွက် ရန်ဆိုတဲ့  ဆောင်ပုဒ်ဟာ ကုမ္ပဏီအုပ်စုအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သလို ကျွန်တော်တို့ ရှေ့လျှောက်လုပ်ဆောင်သမျှ ကိစ္စတိုင်းတွင် လည်း တန်ဖိုးများကိုဖန်တီးပေးဖို့ဖြစ်တယ်။ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ကျွန်တော့အနေနှင့် အဓိပ္ပာယ်သတ်မှတ်ရမည်ဆိုလျှင် နိုင်ငံ၏မနက်ဖန်တိုင်းရှိ ရုပ်ဝတ္တုအရေအတွက်၊ အရည်အသွေး၊ စိတ်ဓာတ်ရေးရာနှင့် ရုပ်ဝတ္တုပစ္စည်း ဆိုင်ရာအပိုင်းများကို  ယနေ့ထက် ပိုမိုသာလွန်အောင် ကြိုးပမ်းရမှာဖြစ်တယ်။ ထိုသို့ ခိုင်မြဲနက်နဲသည့် ဆုံးဖြတ်ချက်၊ ကျွန်တော်တိ့ု၏ ကျွမ်းကျင်မှုနှင့် ပြည်သူ တိ့ု၏ပူးပေါင်းမှုဖြင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ကုမ္ပဏီအုပ်စု မှ တည်ဆောက်သွားမည်ဟု သန္နိဋ္ဌာန်ချထားပါတယ်။”

ဦးသိမ်းဝေ (ခ) @ Mr. Serge Pun
အမှုဆောင်ဥက္ကဋ္ဌ

ကုမ္ပဏီအုပ်စုအကြောင်း

FMI သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အများပိုင်ကုမ္ပဏီဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ဆောင်လိုသော ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် FMI သည် ရန်ကုန် စတော့ အိတ်ချိန်း၌ ပထမဦးဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။

FMI ၏ အားသာချက်များမှာ ကဏ္ဍအသီးသီးတွင် မပာာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံထားမှုသာမက၊ ကျွမ်းကျင်သော စီမံခန့်ခွဲမူ၊ စည်းကမ်းရှိသော ကုမ္ပဏီအုပ်ချုပ်မူနှင့် ပွင့်လင်းမြင်သာမူရှိခြင်းတို့ ဖြစ်ပါသည်။ FMI ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် ကုမ္ပဏီမှ ချမှတ်ထားသည့် စည်းကမ်းများကို တိကျစွာလိုက်နာပြီး စည်းစနစ်ကျစေရန် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်သည်။

လက်ရှိတွင် FMI သည် ဘဏ္ဍာရေးဝန်ဆောင်မှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိကထား လုပ်ကိုင်လျက်ရှိပြီး အခြား အခွင့်အလမ်းကောင်း ကဏ္ဍများလုပ်ကိုင်ရန်လည်း အသင့်ရှိနေပါသည်။ စတင်တည်ထောင်ချိန်မှစ၍ အမြတ်အစွန်းနှင့် အမြတ်ဝေစုများကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ခဲ့သည့် FMI သည် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည်။

ကျွန်တော်တို့၏မျှော်မှန်းချက်

ရင်းနှီးမြှုပ်နှံသူများ၏ ကျေနပ်နှစ်သက်မှု

FMI ၏ ဂုဏ်သိက္ခာနှင့် ခိုင်မာတောင့်တင်းသော စီးပွားရေး အလေ့အထများသည် ရေရှည်တွင်တည်တံခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးပေးပေးသည်။

ပြည်သူများ၏ ကျေနပ်နှစ်သက်မှု

FMI သည် ပြည်သူများအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက် အနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အကောင်းဆုံး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ဝန်ထမ်းများ၏ ကျေနပ်နှစ်သက်မှု

FMI သည် မျှတမှု၊ မတူကွဲပြားမှု၊ အခွင့်အာဏာပေးမှုနှင့် အသိ အမှတ်ပြုမှု တို့ကို အခြေခံသည့် လုပ်ငန်းခွင် ယဉ်ကျေးမှုနှင့်အတူ ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်းများ၏ ဘဝရေရှည်တိုးတက်မှု ရှိနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံသွားမည်။

ကျွန်ုပ်တို့၏ တန်ဖိုးများ

Our Value Chain

*Please refer to Sustainability Initatives and Progress Summary to see the elaboration of impacts we created in FY 2017-2018.

ကုမ္ပဏီအုပ်စု၏ ညီနောင်မိတ်ဖက်ကုမ္ပဏီများ

FMI သည် Serge Pun & Associates (Myanmar) လီမိတက် (“SPA”)၊ စင်္ကာပူစတော့အိတ်ချိန်း၏ Main Board စာရင်းဝင် Yoma Strategic Holdings လီမိတက် (“Yoma Strategic”) နှင့် စင်္ကာပူစတော့အိတ်ချိန်း၏ Catalist Board စာရင်းဝင် Memories Group လီမိတက် (“Memories Group”) တို့၏ ညီနောင်မိတ်ဖက် ကုမ္ပဏီ ဖြစ်ပါသည်။ FMI၊ SPA၊ Yoma Strategic နှင့် Memories Group တို့အားလုံးကိုစုပေါင်း၍ Yoma Group ဟု ခေါ်ဝေါ်သုံးစွဲပါမည်။ ရိုးမအုပ်စု အမှတ်တံဆိပ်အောက်ရှိ ကုမ္ပဏီများအားလုံးသည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော နိုင်ငံတည်ဆောက်ရန်ဟူသည့် တူညီသော ရည်မှန်းချက်ထားရှိသည်။

Yoma Group 2020

FMI Fact sheet

As of May 2020