ကုမ္ပဏီ၏သက်တမ်းသည် (၂၉)နှစ်အတွင်းသို့ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံကျော် ရှိလာ ပြီဖြစ်သည်။ ပြီးခဲ့သည့် (၂၈)နှစ်တာကာလအတွင်းရရှိခဲ့သည့်အောင်မြင်မှုများနှင့် စုပေါင်းကြိုးပမ်းမှုများအား မြင်တွေ့ နေရပြီဖြစ်သော်လည်း ကျွန်တော်တို့၏လုပ်ငန်းများ၊ ဝန်ထမ်းများနှင့်အလေ့အကျင့်များ စဉ်ဆက်မပြတ်တိုး တက် စေရန် ရေရှည်မဟာဗျူဟာမြောက်အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

ကျွန်တော်တို့ယနေ့ရင်ဆိုင်နေရသည့်အရာများသည် ကျွန်တော်တို့ ကုမ္ပဏီစတင်တည်ထောင်သည့် ၁၉၉၀ ပြည့်နှစ် များနှင့်မတူကွဲပြားခြားနားသွားခဲ့ပြီး ထောင်စုနှစ် သစ်၏ ပထမ ဆယ်စုနှစ် အတွင်းမှာပင် နိုင်ငံအတွင်းအရေးပါသော  ပြောင်း  လဲမှုများစွာဖြစ်ပေါ်ခဲ့သည်။

နိုင်ငံရေးနှင့်စီးပွားရေးမျက်နှာစာများတွင် ဖြစ် ပေါ်လာသော ပြောင်းလဲမှုများကြောင့် ကျွန်တော်တို့ အနေဖြင့် စဉ်းစားပုံ စဉ်းစားနည်း၊  ပြုမူပုံနှင့်စီးပွားရေး လုပ်ငန်းဆောင်ရွက်ပုံတို့ကို ပြန်လည်သုံးသပ်ပြီး အနာဂတ် ကာလ အတွက် မဟာ ဗျူဟာပြောင်းလဲမှုများဖြင့်ကြိုတင်ပြင်ဆင်ရန်လိုအပ်နေပါသည်။ သို့မှသာ ကျွန်တော်တို့ ကုမ္ပဏီသည် ရေရှည် တည်တံံ့နိုင်  မှုနှင့်အတူအစုရှယ်ယာရှင်များ၊ ပြည်သူများ နှင့် ဝန်ထမ်းများအပေါ်တွင် တာဝန်ကျေပွန်နိုင် မည်ဖြစ်ပါ  သည်။

၂၀၁၉  ဘဏ္ဍာရေးနှစ်တွင် ကျွန်တော်တို့၏ အဓိကစီးပွားရေးလုပ်ငန်းမဏ္ဍိုင်လေးခုဖြစ်သော ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ရာဖော်ထုတ်တည်ဆောက်မှုနှင့် ခရီးသွားလုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေး အခြေအနေ အခက်အခဲများကြားမှ အမြတ်ငွေများစွာ ရရှိနိုင်ကြောင်း ထင်ရှားစွာ ပြသခဲ့သော နှစ်တစ်နှစ်  ဖြစ်ခဲ့ပါ သည်။

ခေါင်းဆောင်မှုနှင့် လမ်းညွှန်ချက်ကောင်းများ ချမှတ်ပေးခဲ့သော ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ အထောက် အပံ့ ကောင်း များပေးခဲ့သောအကျိုးသက်ဆိုင်သူများနှင့်မိတ်ဖက်အဖွဲ့အစည်းအားလုံးကိုလည်း ကျွန်တော်က  ကျေးဇူးတင်ကြောင်း  ပြောလိုပါသည်။ ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းရရှိခဲ့ေ သာ အောင်မြင် မှုများအတွက် ထောက်ပံ့ပေးခဲ့ကြသော ကျွန်တော် တို့၏ဝန်ထမ်းများ အားလုံးကိုလည်း  ကျေးဇူးတင်ကြောင်းဆက်လက်ပြောကြားလိုပါသည်။ ကျွန်တော်တို့၏ ဝန်ထမ်းများ  မှ  အစဉ်အမြဲ  ပြောင်းလဲ  နေသော ပြည်သူများ၏လိုအပ်ချက်များကို လျင်လျင်မြန်မြန်သိရှိ၍ အချိန်တို အတွင်း  ဖြည့်ဆည်း တုန့်ပြန်နိုင် ခြင်းကလည်း ကုမ္ပဏီ၏ ပြည်သူများနှင့် ထိရောက်သော အလေးထား ဆက်ဆံမှုကို ပိုမိုပေါ်လွင်စေပါသည်။  အချိန်နှင့်တပြေးညီ လိုက်လျော ညီထွေဖြစ် အောင် ပြောင်းလဲ နိုင်စွမ်း ရှိခြင်း ကလည်း ကျွန်တော်တို့၏ အားသာ ချက်ပင် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ကျွန်တော်တို့ အပေါ်မယိမ်းမယိုင် ပြောင်းလဲမှု မရှိ ထောက်ခံမှု ပေးခဲ့သော ရှယ်ယာရှင်များကို လည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၂၈)နှစ်ကျော်က တည်ထောင် ခဲ့ပြီး ယနေ့အ ချိန်ထိရပ် တည်နေသော ကျွန်တော်တို့ ကုမ္ပဏီ၏ အောင်မြင်မှုများကို ဂုဏ်ယူရင်းအကောင်းဆုံး အရာများ မကြာမီ  ရောက်ရှိ လာတော့မည်ဟု အပြည့်အဝ ယုံကြည်မိပါသည်။

ဦးသိမ်းဝေ (ခ) @ Mr. Serge Pun
အမှုဆောင်ဥက္ကဋ္ဌ