
ဦးမောင်မောင်စိုးတင့်

ဦးမောင်မောင်စိုးတင့်သည် ကုမ္ပဏီ၏ အကြံပေးတစ်ဦးအဖြစ် ၁၉၉၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ သူသည် မြန်မာနိုင်ငံရှိ အသက်အငယ်ဆုံး အထက်တန်း ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၉၅၃ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၁၅ နှစ်တာမျှ ဆိုဗီယက်ယူနီယံနှင့် ယူနိုက်တက်ကင်းဒမ်း နိုင်ငံတို့တွင် ယဉ်ကျေးမှု သံအမတ်အဖြစ်လည်းကောင်း၊ သြစတြေးလျနိုင်ငံတွင် သံအမတ်ကြီးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌနှင့် အခြား မြောက်များစွာသော အသင်းအဖွဲ့အစည်းများတွင်လည်း ဥက္ကဋ္ဌနှင့် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စာပေရေးရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ စာရေးဆရာ အနေဖြင့် စာအုပ် (၉) အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။
ဦးမောင်မောင်စိုးတင့်

Mr. Martin Pun

Martin Pun သည် လက်ရှိတွင် ကုမ္ပဏီလုပ်ငန်းစု၏ လူမှုရေးဆိုင်ရာတာဝန်ယူမှု ဒါရိုက်တာ၊ SPA ကုမ္ပဏီ၏ အလုပ်အမှုဆောင်မဟုတ်သော ဒု-ဥက္ကဋ္ဌ နှင့် FMI ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၁၉၉၄ ခုနှစ်မှစ၍ သူသည် SPA ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ လုပ်ငန်းပေါင်းစုံတွင် ကျင်လည်လုပ်ကိုင်ခဲ့သော Martin Pun သည် တရုတ်နိုင်ငံတွင် (၁၂) နှစ် နှင့် အမေရိကန်နိုင်ငံတွင် (၁၈) နှစ်ကြာနေထိုင်လုပ်ကိုင်ခဲ့သည်။ နောက်ဆုံးအနေဖြင့် အမေရိကန်နိုင်ငံ New York Life Insurance ကုမ္ပဏီ၊ ဟာဝိုင်ရီကျွန်း ရုံးခွဲ၏ Managing Partner အဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် UMFCCI ၏ ပုဂ္ဂလိကကဏ္ဍများ၊ မြန်မာနိုင်ငံဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ Martin Pun ကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်မြို့နှင့် ပီးကင်းမြို့များတွင် ပညာသင်ယူခဲ့ပါသည်။