FY September 2019 Financial Highlights
MMK 168.4 b
Record Revenue
Record revenue primarily driven by Financial Services business
MMK 7.1 b
Total Comprehensive Income for the six-month period
Increase in fair values adjustment of available-for-sale investment
MMK 253.2 m
Net Profit Attributable to Equity Holders
Driven by strong gross profit
41.1%
Gross Profit Margin
Improved gross profit margins in Financial Services
FY Sep 19* | HY Sep 18** | % Change | |
---|---|---|---|
For the financial year (MMK '000) | |||
Revenue | 168,432,139 | 130,534,069 | 29.0% |
Gross Profit | 69,146,585 | 51,108,104 | 35.3% |
Net Profit | 7,100,601 | 9,813,753 | (27.6%) |
Net Profit attributable to Equity Holders | 253,177 | 6,553,802 | (96.1%) |
Cash and Cash Equivalents | 384,154,922 | 222,155,112 | 72.9 |
Earnings per share (MMK per share) | 9 | 246 | (96.3%) |
As at 30 September 2019 (MMK '000) | FY Sep 19 | FY Mar 19 | |
Non-Controlling Interests | 108,971,986 | 92,904,252 | 17.3% |
Net Debt1 | 130,010,131 | 119,051,822 | 9.2% |
Total Capital2 | 305,206,764 | 306,197,602 | (0.3)% |
* Audited financial report | ** Interim financial report
1 Net Debt is calculated as borrowings (excluding loans from non-controlling interests) plus trade and other payables less cash and cash equivalents
2 Total Capital is calculated as net assets attributable to equity holders of the company plus net debt
Revenue
Sources of Revenue
Gross Profit & Net Profit Margin
Core Operating EBITDA
Earnings Per Share
Net Asset Value Per Share
ကုမ္ပဏီအုပ်စုအား ခြုံငုံ၍ကြည့်ရှုခြင်း
ကုမ္ပဏီအုပ်စု၏ (၆)လတာကာလအတွက် ဘဏ္ဍာရေး ရလဒ်များမှာ ၂၀၁၈ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ရရှိခဲ့သော ကျပ် (၁၃၀.၅) ဘီလီယံမှ ကျပ် (၁၆၈.၄) ဘီလီယံကျပ်ငွေ ရရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအား ဖြင့် ၂၉.ဝ% မြင့်တက်ခဲ့ပါသည်။ ကုမ္ပဏီအုပ်စု၏ ဝင်ငွေတိုးတက်လာရသည့် အဓိကအကြောင်းအရင်း မှာ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍသည် ၂၀၁၈ စက် တင်ဘာ ဘဏ္ဍာနှစ်တွင် ကျပ် (၁၂၀) ဘီလီယံ ရှိခဲ့ရာ မှ ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် (၁၅၀.၆) ဘီလီယံ သို့ရောက်ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၅.၅% တိုးတက် ခဲ့မှုကြောင့် ဖြစ်ပါသည်။ အဆိုပါ ဝင်ငွေတိုးတက်မှု များကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ ဒီဂျစ်တယ်ချေးငွေ၊ အိမ်ချေးငွေ၊ အသေးစားချေးငွေနှင့် ငွေပိုထုတ်ယူခြင်းတို့ထံမှ အတိုးဝင်ငွေတိုးတက် ရရှိ လာခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှ ဝင်ငွေသည်လည်း ၂၀၁၈ စက် တင်ဘာ ဘဏ္ဍာရေးနှစ်တွင် ကျပ် (၁၀.၃) ဘီလီယံမှ ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာရေးနှစ်တွင် ကျပ် (၁၇.၆) ဘီလီယံသို့ တိုးတက်လာခဲ့ပါသည်။ ဝင်ငွေတိုးတက်ရ သည့် အဓိကအကြောင်းအရင်းမှာ ဆေးရုံ၏တိုက်ရိုက် ဝန်ဆောင်မှုလုပ်ငန်းအပြင် ဖြည့်စွက်ဝန်ဆောင်မှုများ ဖြစ်သည့် ဆေးပစ္စည်းကိရိယာ အသုံးပြုမှုအတွက် ဝန်ဆောင်ခများ၊ ဆေးဝါးရောင်းချခြင်းနှင့် ဆေးပစ္စည်းများငှားရမ်းခြင်းတို့ကြောင့် ဖြစ်ပါသည်။
ကုမ္ပဏီအုပ်စုအတွက် အကြမ်းအမြတ်ငွေ အချိုးသည် ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်းအားဖြင့် ၄၁.၁% ရှိပါသည်။ ထိုသို့ တိုးတက်လာရခြင်းမှာ ရိုးမဘဏ်၏ အတိုးပေးရငွေ လျော့ကျလာခြင်းကြောင့် ဖြစ်ပါသည်။ တချိန်တည်းမှာပင် ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍ၏ အမြတ်ငွေအချိုးအား ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ကုမ္ပဏီအုပ်စု၏ စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်အနေ ဖြင့် ၂၀၁၈ စက်တင်ဘာ ဘဏ္ဍာရေးနှစ်တွင် ကျပ် (၄၃.၆) ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ကျပ် (၅၁.၇) ဘီလီယံသ့ို ရာခိုင်နှုန်း အားဖြင့် ၁၈.၃% တိုးတက်ခဲ့ပါသည်။ အသုံးစရိတ်များ တိုးတက်လာခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ကုမ္ပဏီအုပ်စု၏ စံတန်ဖိုးများထဲမှ တစ်ခုဖြစ်သော နည်းပညာနှင့် ဆက်သွယ်ရေးတို့တွင် တိုးချဲ့သုံးစွဲ ခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီအုပ်စု သည် အကောင်းဆုံးအရည်အချင်းရှိသော ဝန်ထမ်း များကို ထိန်းသိမ်းထားနိုင်ရန်နှင့် ရှာဖွေခန့်အပ်နိုင်ရန် အတွက် ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကို မြှင့် တင်ပေးခဲ့ပါသည်။ ဘဏ္ဍာရေးအတွက် သုံးစွဲရသည့် ငွေကြေးများမှာ ၂၀၁၈ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် (၂.၆) ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာ နှစ်တွင် (၅.ဝ) ဘီလီယံသို့ ရာခိုင်နှုန်းအားဖြင့် ၈၈.၃% မြင့်တက်ခဲ့ပါသည်။
၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီအုပ်စု သည် ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်မှုများ၏ တန်ဖိုး လျော့နည်းဆုံးရှုံးမှုများ၊ ပိုင်ဆိုင်မှုများ၊ စက်ရုံများနှင့် ပစ္စည်းကိရိယာများ ရောင်းချမှုကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှုများ၊ စီးပွားရေးလုပ်ငန်းအသစ် အစပျိုး စရိတ်များအား ပယ်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်နှင့် ငွေကြေးလဲလှယ်မှု အပြောင်းအလဲ များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကြောင့် ကျပ် (၁.၈) ဘီလီယံ အရှုံးပေါ်ပေါက်ခဲ့ပါသည်။ ထို့အပြင် ကုမ္ပဏီအုပ်စု၏ အစုစပ်ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီ များမှ ခွဲဝေရရှိသော အမြတ်ငွေသည် ၂၀၁၈ စက်တင် ဘာ ဘဏ္ဍာရေးနှစ်တွင် အမြတ်ငွေကျပ် (၁၄.၅)ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၉ စက်တင်ဘာဘဏ္ဍာနှစ်တွင် အမြတ်ငွေ ကျပ် (၂.၇) ဘီလီယံသို့ ရာခိုင်နှုန်းအား ဖြင့် ၈၁.၆% အထိ များစွာကျဆင်းသွားသည်ကို တွေ့ ရှိရပါသည်။ ထိုသို့ကျဆင်းရသည့် အဓိကအကြောင်း မှာ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးကဏ္ဍမှ ဝင်ငွေ များစွာ ကျဆင်းသွားသောကြောင့် ဖြစ်ပါသည်။
ရိုးမဘဏ်ကလည်း အမြတ်အပေါ်အခြေခံ၍ မြင့်မား သောဝင်ငွေခွန် ပေးဆောင်ရခြင်းကြောင့် ကုမ္ပဏီ အုပ်စု၏ အသားတင်အမြတ်မှာ ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ကျပ် (၇.၁) ဘီလီယံသာရှိပြီး ရာခိုင် နှုန်းအားဖြင့် ၂၇.၆% ကျဆင်းခဲ့ပါသည်။ ထိုသို့ကုန် ဆုံးခဲ့သော (၆) လ ကာလအတွင်း အသားတင်အမြတ် ငွေကျဆင်းခြင်းနှင့် ပျမ်းမျှရှယ်ယာအရေအတွက် တိုး ပွားလာခြင်းကြောင့် ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ် အတွက် ရှယ်ယာတစ်စုဝင်ငွေ (Earnings per Share) မှာ (၉) ကျပ်သို့ ကျဆင်းခဲ့ပါသည်။ ထို့ပြင် ဤလျော့ကျမှုသည် အိမ်ရာဖော်ထုတ်တည်ဆောက် ရေးကဏ္ဍမှ အမြတ်ငွေများ ကျဆင်းခြင်းကြောင့် ဖြစ်ပါ သည်။
ကုမ္ပဏီအုပ်စု၏ စုစုပေါင်းလက်ငင်း ရပိုင်ခွင့်များမှာ ၂၀၁၉ စက်တင်ဘာ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်းအားဖြင့် ၁၁.၁% တိုးတက်ခဲ့ပါသည်။ ထိုတိုးတက်မှုကို ဖြစ်စေ သော အဓိကအကြောင်းအရင်းမှာ ရိုးမဘဏ်၏ ဘဏ် ချေးငွေပမာဏသည် ပိုမိုတိုးတက်သွားရခြင်းကြောင့် ဖြစ်သည်။ တချိန်တည်းမှာပင် FMI ကုမ္ပဏီအုပ်စု၏ ပေးရန်ရှိသောအပိုင်းတွင် ကုမ္ပဏီနှင့် ရိုးမစီလုံဆေးရုံ ပန်းလှိုင်လီမိတက်တို့က ချေးငွေထပ်မံရယူခဲ့ခြင်း၊ လုပ် ငန်းသစ်များ ဖော်ထုတ်တည်ဆောက်မှုနှင့် ငွေကြေးလဲ လှယ်နှုန်း အပြောင်းအလဲများအရ ကုမ္ပဏီ၏ အမေရိ ကန်ဒေါ်လာချေးငွေအား လက်ရှိဈေးနှုန်းဖြင့် ပြန်၍ဖ လှယ်ရသောကြောင့် စုစုပေါင်း လက်ငင်းပေးရန်တာ ဝန်ပမာဏသည် ၂၀၁၉ မတ်လ ဘဏ္ဍာနှစ်နှင့်နှိုင်း ယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် ၁၂.ဝ% တိုးတက်ခဲ့ပါ သည်။