
FMI ကုမ္ပဏီနှင့် Yoma Strategic Investments Ltd တို့သည် Yoma Land ကို တည်ထောင်ခဲ့ပြီး ရိုးမကုမ္ပဏီအုပ်စုအောက်ရှိ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းများအားလုံးကို တစ်စုတစ်ဝေးတည်း ထားရှိသွား မည်ဖြစ်ပါသည်။ ရိုးမကုမ္ပဏီအုပ်စု၏ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းဖြစ်သည့် Yoma Land အမှတ်တံဆိပ်အောက်တွင် ပန်းလှိုင်အိမ်ရာ၊ ကြယ်စင်အိမ်ရာနှင့် Yoma Central တို့ ပါဝင်သည်။ ရိုးမအုပ်စုမှ Yoma Land အပေါ်ထားရှိသည့် ရည်ရွယ်ချက်မှာ “အနာဂတ်မြန်မာနိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင် တည်ဆောက်ရန်” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်အတိုင်း နောင်လာမည့်နှစ်များတွင် Yoma Land သည် လူအများစုအတွက် အဆင်ပြေသင့်လျော်မည့် အိမ်ရာများဖြင့် ကဏ္ဍစုံအိမ်ခြံမြေဈေးကွက်သို့ ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။
သန်လျင်မြို့နယ်တွင်တည်ရှိသော ကြယ်စင်မြို့တော်အိမ်ရာသည် (၁၃၅) ဧကကျယ်ဝန်းပြီး သီလဝါအထူးစီးပွားရေးဇုန် အနီးအနားရှိ တစ်ခုတည်းသော အကြီးဆုံးအိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါသည်။ ကြယ်စင်အိမ်ရာကို အဆင့်လိုက် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်မှုပြီးစီးချိန်တွင် အိမ်ခန်းပေါင်း (၁၀,၀၀၀) ခန့်နှင့် စီးပွားရေးလုပ်ငန်းများ အတွက် ဧရိယာစတုရန်းပေ (၁.၇) သန်းထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ ကြယ်စင်အိမ်ရာနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၎င်း၏ တရားဝင် အင်တာနက် စာမျက်နှာ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://starcityyangon.com
Yoma Central ရန်ကုန်မြို့လယ်ခေါင်တွင်တည်ရှိပြီး စုစုပေါင်းကြမ်းခင်းဧရိယာ (၂.၄၄) စတုရန်း မီတာရှိသည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ ယင်းစီမံကိန်းတွင် အဆင့်မြင့်အိမ်ရာများ၊ Grade A ရုံးခန်း တာဝါနှစ်လုံး၊ စီးပွားရေးဟိုတယ်တစ်ခုနှင့် ဝန်ဆောင်မှုအပြည့်ပေးသော လူနေအိမ်ခန်းများလည်း ပါဝင်မည်သည်။ ထိုနေရာရှိ ယခင်မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံကို The Peninsula Yangon ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဟိုတယ်သည် မြန်မာနိုင်ငံဟိုတယ်လာက သို့ ခေတ်မီထူးခြားသော အဆင့်အတန်း တစ်ရပ်အား ဆောင်ကြဉ်းလာမည် ဖြစ်ပါသည်။
ရိုးမကုမ္ပဏီအုပ်စုသည် ရန်ကုန်မြို့၏ အလယ်အလတ် ဝင်ငွေရှိသော ပြည်သူများအား ဝန်ဆောင်မှု ပေးရန် ရည်ရွယ်သည့် ခေတ်မီ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း အသစ်တစ်ခုဖြစ်သော City Loft အိမ်ရာစီမံကိန်းအသစ်ကို တည်ဆောက် ပေးခဲ့ခြင်းဖြင့် ၎င်း၏ အိမ်ရာဖော်ထုတ်တည်ဆောက်မှုကဏ္ဍအား တိုးချဲ့ခဲ့ပါသည်။ လွန်ခဲ့သော အချိန်ကာလအထိ မြန်မာနိုင်ငံရှိဘဏ်များသည် အိမ်ရာချေးငွေများကို အများဆုံး ၅ နှစ် အထိသာ ကန့်သတ်၍ ချေးငှားခဲ့ပါသည်။ ချေးငွေရရှိရန် လမ်းကြောင်း မရှိခြင်း နှင့် အိမ်ရာတန်ဖိုးများ ကြီးမြင့်ခြင်း တို့ကြောင့် မြန်မာနိုင်ငံ ပြည်သူအများစုအတွက် အိမ်ရာ ပိုင်ဆိုင်မှုမှာ အလှမ်းကွာဝေးလျက် ရှိပါသည်။ City Loft ကို လူတိုင်း လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် အရည်အသွေးကောင်းမွန်သော တိုက်ခန်းများ ရရှိစေရန် ရည်ရွယ်၍ တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ City Loft သည် လူကြိုက်များသော နှစ်ကာလ ဖြစ်သော (၂၅) နှစ်အထိ ပြည်တွင်းရှိ ဘဏ်များ နှင့် ချိတ်ဆက်၍ အိမ်ရာချေးငွေ ရယူနိုင်သော ငွေပေးချေမှုပုံစံဖြင့် စတင်မိတ်ဆက် ခဲ့ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ အတော်အတန် ကြီးမားသော လူဦးရေ အချိုးအစား တစ်ခုဟာ အိမ်ပိုင်နိုင်သည့် ဘဝကို ရရှိလာနိုင်မည် ဖြစ်ပါသည်။ ပထမ City Loft စီမံကိန်းကို StarCity (“City Loft @ StarCity”) ၏ မြေ ၂၂ ဧက ရှိသော မြေနေရာတွင် တည်ဆောက် မည် ဖြစ်ပါသည်။ ထိုစီမံကိန်းသည် စီးပွားရေးသုံးနေရာများ ၊ လူအများစုဝေးရာနှင့် အပန်းဖြေနေရာများ ပါရှိသဖြင့် အနာဂတ် ပြည်သူများအတွက် ပိုမိုကောင်းမွန်သောလူမှုဝန်းကျင်အားတည်ဆောက်ခြင်းဟူသည့် Yoma Land ၏ ရည်မှန်းချက် နှင့် လည်း ကိုက်ညီမှုရှိပါသည်။

