Financial Investment Seminar
၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်စတော့အိတ်ချိန်း (YSX) ရုံးတွင် Myanmar Securities Exchange Centre Co., Ltd (MSEC) မှ ပြုလုပ်ကျင်းပသော “ Financial Investment Seminar” ဆွေးနွေးပွဲ သို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းထားသည့် ကုမ္ပဏီများအကြောင်းနှင့် ၎င်းတို့၏ အနာဂတ် အလားအလာများအကြောင်းကို လက်ရှိရှယ်ယာရှင်များနှင့် အနာဂတ်ရှယ်ယာရှင်များ ပိုမိုနားလည်လာစေရန် အခွင့်အရေးတခု ဖန်တီးပေးလိုခြင်းဖြစ်သည်။
FMI ကုမ္ပဏီ၏ အနာဂတ် စီးပွားရေး မဟာဗျူဟာများ အကြောင်းကို တက်ရောက်လာကြသူများ သိရှိအောင် မျှဝေပြောပြနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ခွင့်ရသည့်အတွက် အထူးဂုဏ်ယူမိပါသည်။ အလွန်တန်ဖိုးရှိသော ဆွေးနွေးမှုတစ်ခုပင်ဖြစ်သည်။